လွှတ်တော်လေ့လာရေး

လေ့လာနိုင်မည့်အချိန်များ

လွှတ်တော်အစည်းအဝေးကျင်းပချိန်များတွင် လာရောက်လေ့လာနိုင်ပါသည်။

လျောက်ထားရမည့်လိပ်စာ

ပြည်သူများလာရောက်လေ့လာလိုပါက ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့လိပ်မူ၍ အနည်းဆုံး ၃ ရက် ကြိုတင်ပေးပို့ရမည်။ စာဖြင့်သော်လည်းကောင်း E-mail ဖြစ်သော် လည်းကောင်း၊ Fax ဖြစ်သော်လည်းကောင်း လျောက်ထားနိုင်ပါသည်။ လာရောက်လေ့လာ လိုသူများအနေဖြင့် အမည်စာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အား ပူးတွဲပေးပို့ရမည်။

လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

 

  • လွှတ်တော် ဝင်/ထွက် ဂိတ်များနှင့် အစည်းအဝေးခန်းမဝင်ပေါက်တွင် လုံခြုံရေးအရ စစ်ဆေးခြင်း ကို ကြည်ဖြူစွာ ခံယူရမည်။
  • လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ တက်ရောက်လေ့လာစဉ် မှတ်သားစရာ စာအုပ်နှင့် ဘောပင်မှလွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများ ယူဆောင်အသုံးပြုခြင်း မပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခြင်းမပြုရ။
  • အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် လွှတ်တော်ဥက္ကဋ္ဌကြွရောက်လာစဉ် နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနား မှူးမှ အားလုံး ထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်။
  • လေ့လာရေးထိုင်ခုံတွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်း မပြုလုပ်ရ။
  • မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ရမည်။( ဥပမာ ၊ စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊ လက်ပြတ်အင်္ကျီ စသည်တို့ မဝတ်ဆင်ရ။) သို့မဟုတ် မိမိတို့၏တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဝတ်စုံတို့ကိုဝတ်ဆင် လာရမည်။

 

-

ဖုန်း ၀၈၃ ၂၂၂၄၀၉၈

Mail - [email protected]