Other

လွှတ်တော်အချင်းချင်းအပြန်အလှန်လေ့လာမှုအခြေအနေ

ကယားပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများသည် လွှတ်တော်အတွေ့အကြုံများရရှိစေရန် အတွက် ပြည်ထောင်စုလွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးများ၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးများသို့ သွား‌ရောက်ပြီး လွှတ်တော် ဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခြင်း၊ လေ့လာခြင်းများနှင့် လွှတ်တော်အတွေ့အကြုံဖလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်မှုအခြေအနေ

၁၉။    ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကယားပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းတို့၏ ပြည်ပနိုင်ငံများသို့ သွားရောက်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

( က )  ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးသည် ( ၂၅ - ၆ - ၂၀၁၆ )ရက်နေ့မှ      

( ၂၉ - ၆ - ၂၀၁၆) ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်မြို့ရှိ ဟောင်ကောင်လွှတ်တော်သို့   လေ့လာရေးခရီးစဉ် ( Study Tour )    သွားရောက် ခဲ့ပါသည်။

( ခ )   မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးသည်  ( ၁၂ - ၃ - ၂၀၁၈ )ရက်နေ့မှ ( ၁၆ - ၃ - ၂၀၁၈ )ရက်နေ့ထိ အိန္ဒိယနိုင်ငံသို့ လေ့လာရေးခရီးစဉ်  (Study Tour) သွားရောက်ခဲ့ပါသည်။

( ဂ )   ကယားပြည်နယ်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဦးကျော်စိုးသူ၊ ဒုတိယညွှန်ကြားရေးမှူးသည် (၂၆ - ၁၁ - ၂၀၁၈)ရက်နေ့မှ (၇ - ၁၂ - ၂၀၁၈) ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ Bureau of Parliamentary Studies and Training သင်တန်းသို့ တက်ရောက်ခဲ့ပါသည်။