မြန်မာနိုင်ငံသည် ၂၀၁ဝ ပြည့်နှစ်မှစ၍ နိုင်ငံရေးလမ်းကြောင်းပြုပြင်ပြောင်းလဲခြင်း အစိုးရအသစ် လွှဲပြောင်းရယူသည့်အချိန်မှစပြီး ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ ပုဒ်မခွဲ(က)၊ (ခ)အရ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ ပုဒ်မ ၁၄၁ ပုဒ်မခွဲ (က)၊ (ခ) အရ အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ ပုဒ်မ ၁၆၁ ပုဒ်မခွဲ (က)၊ (ခ)၊ (ဃ)တို့အရ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ ပြည်ထောင် စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဟူ၍ လွှတ်တော်အသီးသီး ပေါ်ပေါက်လာခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကယားပြည်နယ်သည် ပြည်နယ်လွှတ်တော် တစ်ရပ်အနေဖြင့် ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။