18
Nov

ကယားပြည်နယ်လွှတ်တော်သို့ စားပွဲတင်တင်းနစ်နှင့်ဆက်စပ်ပစ္စည်းများ၊ အားကစားပစ္စည်းများ လာရောက်လှူဒါန်း

ကယားပြည်နယ်လွှတ်‌တော်သို့ ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စားပွဲတင် တင်းနစ်နှင့်ဆက်စပ်ပစ္စည်းများ၊ အားကစားပစ္စည်းများ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမိုးကျော်လွင်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စုလှိုင်မိုးနှင့် ညွှန်ကြားရေးမှူး ဦးကျော်စိုးသူတို့က လက်ခံရယူ ခဲ့သည်။