13
May

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဉီးလှထွေးအား UN Women မှ မြန်မာပြည်ဌာနေကိုယ်စားလှယ် Mr.Nicolas Burniatနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဉီးလှထွေးအား UN Women မှ မြန်မာပြည် ဌာနေ ကိုယ်စားလှယ် Mr,Nicolas Burniat နှင့်အဖွဲ့က ဇန်နဝါရီလ (၂၃)ရက်နေ့၊ မွန်းလွဲ(၃း၃ဝ) နာရီအချိန်က ကယားပြည်နယ်လွှတ်တော်၊ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကယားပြည်နယ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်ရှိ အမျိုးသမီး ကိုယ်စား လှယ်ပါဝင်မှု ဆိုင်ရာကိစ္စရပ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် မှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးကဏ္ဌတွင် အမျိုးသမီးများ ပါဝင်မှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ကယားပြည်နယ်လွှတ်တော်ရုံး