16
Nov

ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့အား ပြည်နယ်လွှတ်‌တော်ရုံး ဝန်ထမ်းများက ဝါကျွတ်ကာလ စုပေါင်းကန်တော့

ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်တို့အား ပြည်နယ်လွှတ်တော်ရုံးရှိ အရာထမ်း၊ အမှုထမ်းများက ဝါကျွတ်ကာလ ဂါရဝပြု ကန်တော့ခဲ့ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဆုံးမသြဝါဒစကားများ ပြန်လည်မြွက်ကြားခဲ့သည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ရုံး၊ အကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စုလှိုင်မိုးနှင့် ညွှန်ကြားရေးမှူး ဦးကျော်စိုးသူတို့အားလည်း ဝန်ထမ်းများက ကန်တော့ခဲ့ကြပြီး အကြီးအမှူးနှင့် ညွှန်ကြားရေးမှူးတို့က ဆုံးမသြဝါဒစကားများ ပြန်လည်မြွက်ကြားခဲ့ကြသည်။ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူးနှင့် အရာထမ်း အမှုထမ်းများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။