
ကိုယ်စားလှယ်များ တာဝန်
၁ – ကိုယ်စားပြုခြင်း
လွှတ်တော်ကိုယ်စားလှယ်သည် မိမိ၏ ကိုယ်စားပြုမဲဆန္ဒနယ်မြေထဲမှ ပြည်သူများ၏ကိုယ်စား လွှတ်တော်ထဲတွင် ပြောဆို ပိုင်ခွင့်ရှိသည်။
၂ – စောင့်ကြည့်စစ်ဆေးခြင်း
လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အစိုးရကို စောင့်ကြည်ရန် တာဝန်ရှိသည်။ အစိုးရ၏မူဝါဒ များ၊ လုပ်ငန်းများ၊ ဥပဒေများ စောင့်ကြည့်စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ပေးရမည်။
၃ – ဥပဒေပြုခြင်း
ဥပဒေပြုရာတွင်အစိုးရအဖွဲ့မှ လုပ်ဆောင်သည့် ဥပဒေများကိုစောင့်ကြည့်ပြင်ဆင်ပြီး ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရန်လည်းလိုအပ်သည်။