24
Sep

ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးကိစ္စရပ်များ၌ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး ပွဲအား Zoom Meeting ဖြင့် ပြုလုပ် လွိုင်ကော် စက်တင်ဘာ ၁၆

ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ ကယား ပြည်နယ် Coronavirus Disease 2019 (Covid -19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဥပဒေအိမ်ဥပဒေပညာရပ်ဆိုင်ရာအသင်းနှင့် CSOs အဖွဲ့အစည်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးကိစ္စရပ်များ၌ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးပွဲအား စက်တင်ဘာလ (၁၆)ရက်နေ့၊ နံနက်(၁ဝ)နာရီအချိန်က Zoom Meeting ဖြင့် ပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (Covid -19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ အတွင်းရေးမှူး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ က ကော်မတီမှ ဆောင်ရွက်ထားမှုအခြေအနေများအား လည်းကောင်း၊ ပြည်နယ် ကုသ‌ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာဌေးလွင်က ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအနေဖြင့် ဆောင်ရွက်ထားမှုများအခြေအနေများအား လည်း ကောင်း ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးမြင့်မောင်နှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြ သော CSOs များက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များနှင့် စပ်လျဥ်း ၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။