16
Oct

ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ‌ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အလုပ်အကိုင်အခွင့်အလှမ်း၊ အခက်အခဲများနှင့် စပ်လျဥ်း၍ ဆွေးနွေးပွဲအား Zoom Meeting ဖြင့် ပြုလုပ် လွိုင်ကော် အောက်တိုဘာ ၁၆

ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များ၊ ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းနှင့် CSOs အဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အလုပ်အကိုင်အခွင့်အလှမ်း၊ အခက်အခဲများနှင့် စပ်လျဥ်း၍ ဆွေးနွေးပွဲအား အောက်တိုဘာလ (၁၆)ရက်နေ့၊ နံနက်(၁ဝ)နာရီအချိန်က Zoom Meeting ဖြင့် ပြုလုပ်ရာ ကယားပြည်နယ်လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးမြင့်မောင်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်ကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ CSOs များက ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ‌ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အလုပ်အကိုင်အခွင့်အလှမ်း၊ အခက်အခဲများနှင့် ဖြေရှင်းရန် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။