21
Oct

ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကိစ္စရပ်များ၌ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအား Zoom Meeting ဖြင့် ပြုလုပ် လွိုင်ကော် အောက်တိုဘာ ၂၁

  ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ ကယားပြည်နယ်၊ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီ (ပြည်နယ်အဆင့်ဌာနဆိုင်ရာများ)၊ ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာအသင်း၊ NGO, NGOs နှင့် CSOs အဖွဲ့အစည်းတို့၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကိစ္စရပ်များ၌ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲအား အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်က Zoom Meeting ဖြင့် ပြုလုပ်ရာ ကယားပြည်နယ်လွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ တက်ရောက်ပြီး အဖွင့်ဆွေးနွေးပြောကြားခဲ့သည်။
  ဆက်လက်၍ ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးမြင့်မောင်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့ တက်ရောက်ကြသော ကယားပြည်နယ်၊ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ (ပြည်နယ်အဆင့်ဌာနဆိုင်ရာများ)၊ NGO, NGOs နှင့် CSOs များက ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကိစ္စရပ်များ၌ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် Covid 19 အလွန် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများဖြစ်သော ပညာရေး၊ စီးပွားရေး၊ လူ့စွမ်းအားအရစ်အမြစ်၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။