
စဉ် | ရက်စွဲ | မေးမြန်းသည့် ပုဂ္ဂိုလ် |
မေးမြန်းသည့်မေးခွန်း | ဖြေကြားသည့် ပုဂ္ဂိုလ် |
မှတ်ချက် |
၁ | ၀၆.၁၀.၂၀၁၆ | ဦးစိုးရယ် ဘောလခဲ(၂) |
ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ပွန်ချောင်း(တာဆိုင်းကုန်း)ရှိ ဟော်ခမ်းကျေးရွာအနီးတွင်ရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်း စမ်းသပ်ဆောင်ရွက်နေမှုကိုရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ” သိရှိလိုကြောင်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၂ | ၁၁.၁၀.၂၀၁၆ | ဦးခင်မောင်ထွန်း ဖရူဆို(၂) |
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရာတွင် ကျေးရွာအလိုက် ပြည်သူများမှထည့်ဝင်ငွေများကို မည်ကဲ့သို့ စီစဉ်ထားပြီး လျှပ်စစ်မီး ရရှိရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၃ | ၁၃.၁၀.၂၀၁၆ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ဘောလခဲမြို့နယ်အတွင်းရှိ တောင်သူများသည် နှမ်းသီးနှံကို အဓိကထားစိုက်ပျိုး ကြပါသည်။ထိုသို့စိုက်ပျိုးရာတွင် တစ်နှစ်လျှင် နှစ်သီးစားစိုက်ပျိုး နိုင်ရေးအတွက် မျှော်မှန်းထားရှိနေကြပါသည်။ မျိုးကောင်းမျိုးသန့်ရရှိရေးကိုလည်း လိုလားနေ ကြပါသည်။ စိုက်ခင်းအတွင်း မဝင်ရောက်နိုင်ရေးအတွက် ကျေးရွာအတွင်းရှိ ကျွဲ၊ နွား စနစ်တကျထိန်းကျောင်းပေးနိုင်ရန်လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တောင်သူများအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၄ | ၁၃.၁၀.၂၀၁၆ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ဘောလခဲမြို့နယ်အတွင်း တောင်ယာများ၊ သစ်များခုတ်ယူရာတွင် ချိန်းစောများ အသုံးပြု၍ ခုတ်ယူနေကြသည့်အတွက် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ် နေပါသည်။ သို့ဖြစ်ပါ၍ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ချိန်းစောအသုံးပြုခြင်းအား မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း။ |
ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး |
|
၅ | ၁၃.၁၀.၂၀၁၆ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ဘောလခဲမြို့နယ်သို့ အခြားမြို့နယ်များမှ တောင်သူများ တောင်ယာလုပ်ငန်းများ လာရောက် လုပ်ကိုင်ရာတွင် စနစ်တကျရှိစေရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလို ကြောင်း။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၆ | ၁၃.၁၀.၂၀၁၆ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်လမ်း ပျက်စီးနေခြင်းအား ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုကြောင်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၇ | ၁၃.၁၀.၂၀၁၆ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ပြည်သူလူထု၏ဆန္ဒမရှိဘဲ စီမံကိန်းခွင့်ပြုပေးခဲ့မှုအပေါ် မည်သို့ တာဝန်ယူဖြေရှင်းပေးမည်ကို သိရှိလိုကြောင်း။ | ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၈ | ၂၅.၁၀.၂၀၁၆ | ဦးသိန်းအောင် ဒီမော့ဆို(၁) |
ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါရောက်ခူကျေးရွာ သောက်သုံးရေသွယ် လုပ်ငန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ကြောင်း။ |
ဗိုလ်မှူးကြီး ဇော်မျိုးတင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
ကတိကဝတ် |
၉ | ၀၇.၁၀.၂၀၁၆ | ဦးစိုးရယ် ဘောလခဲ(၂) |
ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲအတွက် မြို့တော်ခန်းမဆောင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ။ | ဗိုလ်မှူးကြီး ဇော်မျိုးတင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
ကတိကဝတ် |
၁၀ | ၁၃.၁၂.၂၀၁၆ | ဦးရန်နိုင်ဆွေ ဖားဆောင်း(၂) |
ကယားပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စုအတွင်း သတ္တု တူးဖော် ဆောင်ရွက်လျက်ရှိသော သတ္တုတူးဖော် ထုတ်လုပ်ခွင့်ရ ကယားပြည်နယ် သတ္တုတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (မော်ချီး)အနေဖြင့် ပြည်ထောင်စု အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော“စာချုပ်ပါ စည်းမျဉ်းစည်းကမ်း အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက် ပေးရမည့် တာဝန်ယူမှု၊ တာဝန်ခံမှုများအား အသေးစိတ်သိရှိလိုပါကြောင်း” |
ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး |
|
၁၁ | ၂၀..၀၁.၂၀၁၇ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ကယားပြည်နယ်အစိုးရအနေဖြင့် မော်တော်ယာဉ်များခွဲဝေချထားမှု၊ စက်သုံးဆီ အသုံးပြုမှုပုံစံ အား မည်ကဲ့သို့ခွဲဝေချထားစီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းနှင့် ဌာနပိုင် စက်ယန္တရားများ၏ စာရင်းများ၊ ခွဲဝေချထားငှားရမ် းမှုပုံစံနှင့် ဝင်ငွေထွက်ငွေများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၁၂ | ၁၀.၃.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
စီမံချက်ဖော်ဆောင်ရာတွင် ကြုံတွေ့နိုင်သော အဓိကအခက်အခဲများကို ထပ်မံသိရှိလိုကြောင်း၊ (ဂ) အဆိုပါအခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အနီးစပ်ဆုံးနှင့်ခန့်မှန်းအနေဖြင့် မည်သည့်ခုနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်မည်ကိုလည်း သိရှိလိုကြောင်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၁၃ | ၁.၃.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ပြည်နယ်သာသနာရေးဦးစီးဌာနနှင့်ပတ်သက်၍ (က) မြို့နယ်အလိုက်ရှိသော တရားဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအရေအတွက်နှင့် သာသနာပြု သီတင်းသုံးနေတော်မူကြသော ရဟန်းသံဃာတော်အပါး အရေအတွက် အသီးသီးကို သိရှိလိုကြောင်း၊ (ခ) မြို့နယ်အလိုက်ရှိသောတောင်တန်း သာသနာပြု ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အရေအတွက်နှင့် သာသနာပြုသီတင်းသုံးနေတော်မူကြသော သံဃာတော်အပါးအရေအတွက် အသီးသီးကို သိရှိ လိုကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၁၄ | ၁၃.၁၀.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
မြကလာပ်၊ ရွှေလက်ဝါးဗုဒ္ဓဘာသာသာသနာ့နယ်မြေ ကျူးကျော်များကိစ္စနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့သည်မှာ မည်မျှပြီးစီးခဲ့သည်ကို သိရှိလိုကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
ကတိက၀တ် |
၁၅ | ၁၀.၃.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် (က) လွိုင်ကော်မြို့နယ်ရှိ မဟာပုညကာရီသီလရှင် သင်ပညာရေးကျောင်းအား လူမှုဝန်ထမ်းအမည်ပေါက်ကျောင်းအဖြစ် ရပ်တည်နိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း၊ (ခ) လွိုင်ကော်မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနအခြေပြု မူကြိုကျောင်းအရေအတွက်၊ တာဝန်ယူစောင့်ရှောက်လျက် ရှိသော ဆရာမအရေအတွက်နှင့် ကလေးငယ်အရေအတွက်ကို သိရှိလိုကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
ကတိက၀တ် |
၁၆ | ၂၆.၀၅.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
လွိုင်ကော်မြို့နယ်၊ နမ်ကွတ်ရပ်ကွက်ရှိ နမ့်ကွတ်တောင်ပေါ်ဘုန်းကြီး သို့သွားရာ တောင်တက် ကားလမ်း(မြေသားလမ်း)ဘေးတွင် ဘုန်းကြီးတစ်ပါး သီတင်းသုံးရန်အကြောင်းပြ၍ ဆောက်လုပ်လျက်ရှိသော အဆောက်အဦနှင့် ပတ်သက်၍ မည်သူက တာဝန်ယူဆောက်လုပ်နေ ကြောင်း၊ ဤသို့ ဆောက် လုပ်ရာတွင် ဘာသာရေးခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်းဟုတ်/ မဟုတ်နှင့် သီတင်းသုံးမည့် ဘုန်းကြီးသည်လည်း ဘာသာရေးခွင့်ပြုချက်အရ တရားဝင် သီတင်းသုံးခွင့်ရှိသော ပုဂ္ဂိုလ်ဟုတ်/မဟုတ်နှင့်မဟုတ်ပါက တည်ဆဲဥပဒေများအရ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို တိကျမှန်ကန်ပြည့်စုံစွာ သိရှိလိုပါကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
ကတိက၀တ် |
၁၇ | ၂၆.၀၅.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
အုတ်မြစ်ချတည်ဆောက်မှု နှင့်ပတ်သက်၍ ပြည်နယ်သာသနာရေးဦးစီးဌာန နှင့် တရားဝင် ခွင့်ပြုချက်ပေးထားခြင်းရှိ/မရှိနှင့် မရှိပါက တည်ဆဲ ဥပဒေများနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို တိကျမှန်ကန်ပြည့်စုံစွာ သိရှိလိုပါကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၁၈ | ၃၀.၀၅.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ဗုဒ္ဓရက္ခိတကျောင်းတိုက်ပတ်ဝန်းကျင် သစ်တောမြေအား သာသနာမြေအဖြစ် အမြန်ဆုံး တရားဝင်သတ်မှတ်နိုင်ရေးအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို တိကျပြည့်စုံစွာ သိရှိလိုပါကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
ကတိက၀တ် |
၁၉ | ၀၈.၀၆.၂၀၁၇ | ဦးတီရယ် ရှားတော(၁) |
ရှားတောမြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် ဝန်ထမ်း(၂)ဦးသာရှိ၍ ဝန်ထမ်းအသစ် ထပ်မံ ခန့်ထားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိက၀တ် |
၂၀ | ၀၈.၀၆.၂၀၁၇ | ဦးတီရယ် ရှားတော(၁) |
ရှားတောမြို့နယ်၊ ရေထွက်ပေါက်မှ ပေ(၈၅၀၀)ကျော်ခန့်တွင် ရေမြောင်းမရှိသဖြင့် ရေများ လေလွှင့်ဆုံးရှုံးခြင်းများရှိသဖြင့် ရေအပြည့်အဝလုံလောက်စွာရရှိရန်အတွက် ရေသွယ် အုတ်မြောင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၂၁ | ၀၈.၀၆.၂၀၁၇ | ဦးတီရယ် ရှားတော(၁) |
ကယားပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သော နောင်ယားကန်တွင် နှစ်စဉ်ဇီဝိတဒါန ကုသိုလ်အဖြစ် ငါးများအား လွှတ်ပေးလျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလည်း ငါးမဖမ်းရတားမြစ်ချက် ဆိုင်းဘုတ်များကပ်ထားသော်လည်း နောက်ယားကန်ပတ်ဝန်းကျင်တွင် နေ့စဉ်ငါးဖမ်းခြင်း/ငါးမျှားခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသဖြင့် သဘာဝ အလှတရားကို ပျက်စီးစေ၍ မည်သို့အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိက၀တ် |
၂၂ | ၀၅.၀၇.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ကယားပြည်နယ်ကိုယ်စားပြု လူငယ်မူဝါဒရေးဆွဲရေးအဖွဲ့အနေဖြင့် ပြည်နယ် ကိုယ်စားပြု တက်ရောက်ခဲ့သော အစည်းအဝေးအကြိမ်အရေအတွက်နှင့် ယခုအချိန်အထိ ဆောင်ရွက်ပြီးစီး မှုများကို တိကျပြည့်စုံမှန်ကန်စွာ သိလိုပါကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
ကတိက၀တ် |
၂၃ | ၁၇.၀၇.၂၀၁၇ | ဦးသဲရယ် ဖရူဆို(၁) |
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းအားလုံး မည်မျှရှိပါကြောင်း၊ မည်သည့် လုပ်ငန်းကို မည်သည့်ဌာန ဆိုင်ရာ၊ ကုမ္ပဏီများက တန်ဖိုးမည်မျှနှင့် တာဝန် ယူဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
ကတိကဝတ် |
၂၄ | ၀၅.၀၉.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ကယားပြည်နယ်တွင်- (က) ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း၊ (ခ) မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း၊ (ဂ) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း တိကျမှန်ကန်ပြည့်စုံစွာသိရှိလိုပါသည်။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၂၅ | ၀၅.၀၉.၂၀၁၇ | ဒေါက်တာ အောင်ကျော်ဌေး လွိုင်ကော်(၁) |
ကယားပြည်နယ်တွင်- (က) ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း၊ (ခ) မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း၊ (ဂ) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများနှင့် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အမှုတွဲအရေအတွက်ကိုလည်းကောင်း တိကျ မှန်ကန်ပြည့်စုံစွာသိရှိလိုပါသည်။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၂၆ | ၀၅.၀၂.၀၂၀၁၈ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
တရားမဝင်သစ်များ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအား ပညာပေး၊ သတိပေးခြင်းများ၊ အရေးယူဆောင်ရွက်ခြင်းများ ရှိ/မရှိ သိရှိလိုကြောင်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၂၇ | ၁၃.၀၂.၂၀၁၈ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အခြေခံများစနစ်တကျ ပညာပေးပြသရန် အစီအစဉ်ရှိ/မရှိ။ | ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၂၈ | ၁၃.၀၂.၂၀၁၈ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ကယားပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော ဆိတ်ကောင်ရေစာရင်းနှင့် လက်ရှိဖြစ်ထွန်း အောင်မြင်နေမှု အခြေအနေအား သိရှိလိုကြောင်း။ | ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
ကတိကဝတ် |
၂၉ | ၁၉.၀၄.၂၀၁၈ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ကယားဒေးကွင်းအတွင်းမှ ရေလွှာလျှောအပန်းဖြေစခန်းကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း။ | ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၃၀ | ၁၉.၀၄.၂၀၁၈ | ဦးခင်မောင်ထွန်း ဖရူဆို(၂) |
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကယားပြည်နယ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ မြို့နယ် အလိုက် ခွဲဝေရရှိမှုစာရင်းနှင့် အဆိုပါမြို့နယ်များရှိ ဌာန၊ အဖွဲ့အစည်းတို့၏ ခွဲဝေရရှိမှုစာရင်း တို့အား သိရှိလိုပါကြောင်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၃၁ | ၁၉.၀၄.၂၀၁၈ | ဦးခင်မောင်ထွန်း ဖရူဆို(၂) |
အဆိုပါမြို့နယ်များရှိ ဌာန၊ အဖွဲ့အစည်းတို့၏ ခွဲဝေရရှိမှုစာရင်း တို့အား သိရှိလိုပါကြောင်း။ | ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၃၂ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ကယားပြည်နယ် မြို့နယ်အချို့ ပညာရေးရုံးတွင် နေ့စားလပေးဝန်ထမ်းအချို့အား အတည်ပြု ခန့်အပ်ခြင်းမရှိသည်နှင့်ပတ်သက်၍ သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၃၃ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဆရာ/မ အင်အားနှင့် ကျောင်းသား/သူဦးရေ မမျှသည့်အပေါ် ပြန်လည်စီမံခန့် ခွဲပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၃၄ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ မြို့မအုပ်စု၊ လောခုခူကျေးရွာ ရွာတွင်းမြေသားလမ်း ဖောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၃၅ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ မြို့မအုပ်စု၊ လောဂျာကျေးရွာတွင် ကျေးလက်ဆေးပေးခန်းဆောက် လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၃၆ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
မြို့နယ်အားကစားကွင်းတွင် မိုးလုံလေလုံအားကစားကွင်း တည်ဆောက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိကဝတ် |
၃၇ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁ |
ရွှေ့ပြောင်းတောင်ယာများတွင် ၂၀၁၂လယ်ယာမြေဥပဒေအရ ပုံစံ(၇)ရရှိထားမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်ရန်ရှိကြောင်း သိရှိလိုခြင်းမေးခွန်း။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၃၈ | ၁၄.၀၅.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
တော်ခူကျေးရွာအုပ်စု၊ တော်ခူသစ်ကျေးရွာဆေးပေးခန်းအား ပြန်လည်တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိကဝတ် |
၃၉ | ၂၅.၀၆.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
REFUGEE ပြန်လည်နေရာချထားရေးနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အနေဖြင့် မည်သည့် အစီအစဉ်ရှိကြောင်း သိရှိလိုခြင်းမေးခွန်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၄၀ | ၂၅.၀၆.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စုရှိ လောလျာခူကျေးရွာမှ ဒေါဗျာကူးကျေးရွာ ရွာချင်း ဆက်လမ်းအား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
ကတိကဝတ် |
၄၁ | ၂၅.၀၆.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ ဒေါတကလဲကျေးရွာမှ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာ ရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းအဆင့်သို့ မြှင့်တင်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိ လိုခြင်းမေးခွန်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
ကတိကဝတ် |
၄၂ | ၂၂.၁၀.၂၀၁၈ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
တရားမဝင်သစ် ဖမ်းဆီးရမိသော အခြေအနေကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၄၃ | ၃၀.၁၀.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ဒေါညေးခူကျေးရွာမှ ဒေါကူးခူကျေးရွာသို့သွားသည့် လမ်းအား ကတ္တရာလမ်းခင်းကျင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
ကတိကဝတ် |
၄၄ | ၃၀.၁၀.၂၀၁၈ | ဦးသဲရယ် ဖရူဆို(၁) |
ကေးလျားကျေးရွာသို့သွားသည့်လမ်းအား ကတ္တရာလမ်းခင်းကျင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ | ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
ကတိကဝတ် |
၄၅ | ၀၉.၀၁.၂၀၁၉ | ဦးတင်မြင့် လွိုင်ကော်(၂) |
ထေးငှားလျားကန် ကန်ပတ်လမ်းတွင် ညအချိန်သောက်စားမူးယစ်နေသူများအား မည်ကဲ့သို့ တားဆီးခြင်းများ ဆောင်ရွက်မည်ကို သိရှိလိုကြောင်းမေးခွန်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၄၆ | ၁၀.၀၁.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
မော်ချီးဒေသရှိ သတ္တုထုတ်လုပ်ရေးကုမ္ပဏီတွင် အသုံးပြုနေသော Backhoe များမှာ တရားဝင် လိုင်စင် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း၊ | ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး |
|
၄၇ | ၁၀.၀၁.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် စာပို့ဝန်ထမ်းများ အသုံးပြုလျက် ရှိသော စာပို့ဆိုင်ကယ်များ၏ ပြင်ဆင်စရိတ်များနှင့် စပ်လျဉ်းသည့်မေးခွန်း။ |
ကယားပြည်နယ်အစိုးရအဖွဲ့ | |
၄၈ | ၂၉.၀၁.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(ရှမ်း)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော ပြည်သူတစ်ချို့အား ဘုရားမြေကို ကျူးကျော်သည်ဟု စွပ်စွဲခံရမှုနှင့်ပတ်သက်ပြီးသိရှိလိုခြင်းမေးခွန်း။ |
ဦးမော်မော် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး |
|
၄၉ | ၂၉.၀၁.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
လွိုင်ကော်မြို့ လေယာဉ်ကွင်းပတ်လမ်းဘေးရှိမြေကွက်(၁၁)ကွက်အား မည်သို့ ဆောင်ရွက် ထားရှိသည်ကို သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိကဝတ် |
၅၀ | ၂၉.၀၁.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
မယ်စဲမြို့နယ် ခုံးန့်ဟန်စံပြကျေးရွာ တည်ထောင်ခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မည်သို့ဆောင်ရွက်ထားရှိကြောင်း သိရှိလိုခြင်းမေးခွန်း။ |
ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး |
|
၅၁ | ၂၉.၀၁.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာမြောက်ဘက် ထီးပေါ်ကူးကန်အနောက်တွင် ဖွင့်လှစ်ထားသော ဆယ်တောရိုဘော်ဒါဆောင် အတွက် လိုအပ်ချက်များ ဆောင်ရွက် ပေးရန် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်း။ |
ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
|
၅၂ | ၂၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ ရွာလယ်လမ်းအား ကျောက်ချောလမ်း ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
ကတိကဝတ် |
၅၃ | ၂၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာရှိ ရွာလယ်လမ်းအား ကျောက်ချောလမ်း ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၅၄ | ၂၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါဆိုဖျကျေးရွာရှိ ရွာလယ်လမ်းအား ကျောက်ချောလမ်းခင်း ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း၊ |
ဗိုလ်မှူးကြီးမြင့်ဝေ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး |
|
၅၅ | ၂၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာမှ ပွန်ချောင်းအထိ (၆)မိုင်ခန့်အား လယ်ယာ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း၊ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
ကတိကဝတ် |
၅၆ | ၂ ၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာမှတာ့ဆိုင်းအထိ လယ်ကုန်ထုတ်လမ်း ဖောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
ကတိကဝတ် |
၅၇ | ၂ ၉.၀၁.၂၀၁၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါဆိုဖျမှဟွေ့လုံအထိ လယ်ကုန်ထုတ်လမ်း(၄)မိုင်ခွဲခန့် ဖောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း၊ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
ကတိကဝတ် |
၅၈ | ၂၇.၀၂.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
အကျဉ်းကျခံနေရသော (၁၀)တန်းအောင်ကလေးများအတွက် မည်သို့သောအဝေ းသင်ပညာရေး စနစ်ထားရှိဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၅၉ | ၂၅.၀၃.၂၀၂၉ | ဦးသိန်းအောင် ဒီးမော့ဆို(၁) |
ဒီမောဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဒေါပို့စီကျေးရွာအနောက်ဘက် ကွင်းအမှတ်(၆) လယ်မြေများတွင် နွေစပါးစိုက်ပျိုးရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
ကတိကဝတ် |
၆၀ | ၀၅.၀၄.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
လွိုင်ကော်မြို့၊ ထေးငှားလျားကျေးရွာအုပ်စု၊ ဘာဒိုကျေးရွာ၊ အုပ်စု(၁၀)အတွင်းရှိ အသုံးပြုလျှက်ရှိသောလမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဆင့်သို့ မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိကဝတ် |
၆၁ | ၀၅.၀၄.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိလမ်းများထဲမှ သတိုးစောလမ်းနှင့် ရာဇသင်္ကြန်လမ်းတို့အား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဆင့်သို့ မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
ကတိကဝတ် |
၆၂ | ၁၁.၀၄.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
ကေးလျားကျေးရွာအုပ်စုအတွင်း မီတာဘောက် ပြန်လည်ရရှိရန် စီစဉ်ဆောင်ရွက်ပေးမှု ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ | ဦးခင်မောင်ဖြူ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး |
ကတိကဝတ် |
၆၃ | ၁၁.၀၄.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
လယ်ယာမြေများကို ပြန်လည်ပေးအပ်နိုင် ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ | ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၆၄ | ၁၁.၀၄.၂၀၁၉ | ဦးအောင်နိုင်ဦး မယ်စဲ့(၁) |
ဒီမောဆိုမြို့နယ်၊ ဒေါဒူကျေးရွာမှ သိမ်းယူထားသော လယ်မြေများကို ပြန်လည် အပ်နှံရေး မည်ကဲ့ သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း။ |
ဦးဘော့စ်ကို စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး |
|
၆၅ | ၁၄.၀၅.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့အဝင် အမှတ် (၅၃၁) ခြေလျင်တပ်ရင်းရှေ့ ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် မြေယာ သိမ်းဆည်းရာတွင် နစ်နာသူတောင်သူများအား ပြန်လည်စဉ်းစားပေးရန် ကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်း။ |
ဦးတီရယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး |
|
၆၆ | ၁၄.၀၅.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်အား သောက်သုံးရေအဆင်ပြေစေရန် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ထားသော ရေပေးဝေရေးကိစ္စ နှင့်စပ်လျဉ်းသည့်မေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|
၆၇ | ၁၄.၀၅.၂၀၁၉ | ဦးသဲရယ် ဖရူဆို(၁) |
ဖရူဆိုမြို့ပတ်လမ်း ဖောက်လုပ်ရာတွင် အောက်ခြေတောင်သူများနှင့် မည်သို့ချိတ်ဆက်ဆောင် ရွက်ထားကြောင်း သိရှိလိုခြင်းမေးခွန်း။ |
ဒေါက်တာ အောင်ကျော်ဌေး စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး |
|