13
May

စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း)နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းချပြ ဆွေးနွေးပွဲ

ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေ လေ့လာစိစစ်အကြံပြု ရေးဆိုင်ရာကော်မတီတို့မှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း)နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းချပြဆွေးနွေးပွဲကို ယနေ့နံနက် (၁ဝ)နာရီအချိန်က ကယားပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။