15
May

တိုင်ကြားစာ၊ တင်ပြစာများအပေါ် ဆောင်ရွက်မှုအခြေအနေ

တိုင်ကြားစာ၊ တင်ပြစာများအပေါ် ဆောင်ရွက်မှုအခြေအနေ

(၃၀-၉-၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၆)တွင် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့အား အဖွဲ့ဝင် (၂၄)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ သက်တမ်းမှာ (၁)နှစ်ပြည့်မြောက် ခဲ့ပြီးဖြစ်ပါသဖြင့် (၃-၅-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် ကယားပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇)တွင် အဖွဲ့ဝင်(၂၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၇ခုနှစ်တစ်နှစ်တာအတွင်း ပြည်သူများမှ တင်ပြတိုင်ကြားလာသော တိုင်ကြားစာပေါင်း (၆၂)စောင်ရှိပါသည်။ ၎င်းတိုင်ကြားစာများ အပေါ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား မှတ်ချက် အတိုင်း ဆက်လက်ဆောင်ရွက်ပြီး အမှုတွဲပေါင်း(၁၀)စောင်ကို ကြားနာပွဲ (၁၅)ကြိမ် ပြုလုပ်ခဲ့ပါသည်။

(၃၀-၃-၂၀၁၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့သည်သက် တမ်း(၁)နှစ်ပြည့်ပြီဖြစ်သဖြင့် အဖွဲ့ဝင်(၂၂)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း ပြည်သူများမှတင်ပြ တိုင်ကြားလာသော တိုင်ကြားစာပေါင်း (၁၄၆)စောင်ရှိပါသည်။ ၎င်းတိုင်ကြားစာ များအပေါ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထား မှတ်ချက်အရ ဆက်လက်ဆောင်ရွက်ပြီး အမှုတွဲပေါင်း(၂၄)တွဲကို ကြားနာပွဲ(၂၄)ကြိမ် ပြုလုပ်နိုင် ခဲ့ပါသည်။

(၆-၂-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေး အဖွဲ့သည် သက်တမ်း(၁)နှစ်ပြည့်ပြီဖြစ်သဖြင့် အဖွဲ့ဝင်(၁၈)ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

(၂၀၁၉)ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ပြည်သူများမှ တင်ပြတိုင်ကြားလာသော တိုင်ကြား စာပေါင်း(၄၁၉)စောင်ရှိပါသည်။ ၎င်းတိုင်ကြားစာများအပေါ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်အရ ဆက်လက်ဆောင်ရွက်ပြီး အမှုတွဲပေါင်း(၄၁၉)တွဲကို ကြားနာပွဲ(၆၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပါသည်။

(၁၄-၂-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့သည် သက်တမ်း(၁)နှစ် ပြည့်ပြီဖြစ်သဖြင့် အဖွဲ့ဝင်(၉)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(၁-၁-၂၀၂၀)ရက်နေ့မှ (၁၂-၃-၂၀၂၀)ရက်နေ့အထိ ပြည်သူများမှ တင်ပြတိုင်ကြားလာသော တိုင်ကြားစာပေါင်း (၁၉)စောင်ရှိပါသည်။ ၎င်းတိုင်ကြားစာများအပေါ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်အရ ဆက်လက်ဆောင်ရွက်ပြီး အမှုတွဲပေါင်း(၁၉)တွဲကို ကြားနာပွဲ(၁၆)ကြိမ် ပြုလုပ်နိုင်ခဲ့ပါသည်။

တိုင်ကြားစာများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်း၊ ကြားနာစစ်ဆေးဆောင်ရွက်ခြင်း အစီရင်ခံစာများကို တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံသို့ တင်ပြ၍ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာန များသို့ ဆက်လက်ဆောင်ရွက်နိုင်ရေး ပေးပို့ဆောင်ရွက်လျက်ရှိပါသည်။