08
May

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်

၁၁.၃.၂၀၂၀ ရက်နေ့၊ နံနက်(၁ဝးဝဝ) နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီများ ခန်းမဆောင်သစ်၌ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ကော်မတီအဖွဲ့ဝင် များ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကယားပြည်နယ်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြုပြင်ထိန်းသိမ်းရေး နှင့် ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးစည်ပင်သာယာရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။