22
Dec

တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များ

၁။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော်ရုံး၌ ပြည်နယ်လွှတ်တော်နှင့် တောင်သူလယ်သမားများ စုစုပေါင်း(၂၃၅)ဦးဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး၊ တွေ့ဆုံပွဲမှ တောင်သူလယ်သမားများ၏ တင်ပြလာသည့် အခက်အခဲများကို ၂၀၁၈ ခုနှစ်တွင် အကောင်အထည်‌ဖော်ဆောင်ရွက်ရန်နည်းလမ်းများနှင့် လိုအပ်သော အရင်းအမြစ် များကို ရရှိနိုင်ရန်စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ကယားပြည်နယ်လွှတ်တော်နှင့် ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာ အသင်းတို့ ပူးပေါင်း၍ သုတေသနနှင့် စမ်းတမ်းကောက်ယူခြင်းဆိုင်ရာ သင်တန်း/ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ (၆)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကယား ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ကျေးရွာပေါင်း (၁၄)ရွာတို့ အား {အုပ်စုဖွဲ့ဆွေးနွေး ခြင်းပုံစံ Focus Group Discussion Form(FGD) (၁၆)စုံ၊ တစ်ဦးချင်းလေ့လာ ဆန်းစစ်ခြင်း ပုံစံ Surveys Form (၅၁၂)စုံ၊ အဓိကမေးမြန်းခြင်းပုံစံ Key Inform Interview (KII) (၆)စုံ၊} ကွင်းဆင်းပြီး သုတေသနနှင့် စစ်တမ်းကောက်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၂။ သုတေသနနှင့် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်သုံးသပ်မှု အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကယားပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းတွင် ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာ စိစစ်အကြံပြုရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများနှင့် ဥပဒေအိမ်၊ ဥပဒေ ပညာရပ်ဆိုင်ရာအသင်းတို့ဖြင့် သုညအဆင့်စိုက်ပျိုးရေး ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း) ဖြစ်ပေါ် လာရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ Gold Hotel ၌ ပြည်နယ်လွှတ်တော်မှ ဥပဒေပြု ရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ် အကြံပြုရေးဆိုင်ရာ ကော်မတီ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် လွှတ်တော်ရုံးဝန်ထမ်းများ၊ ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာအသင်း၊ တောင်သူလယ်သမား များ၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၊ Vision Fund Loikaw တို့ ပါဝင်ပြီး သုည အဆင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေ(မူကြမ်း)အတွက် အကြံပြုချက်များရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

၃။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇)နေ့တွင် လွိုင်ကော်မြို့နယ်ခန်းမ၌ လည်းကောင်း၊ ဇူလိုင်လ (၁၈)ရက် နေ့တွင် ဒီးမော့ဆိုမြို့နယ် နှစ်ခြင်းသာသနာခန်းမဆောင်၌ လည်းကောင်း၊ ဇူလိုင်လ (၂၂)ရက်နေ့တွင် ဖားဆောင်းမြို့နယ်ခန်းမ၌ လည်းကောင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဦးဆောင်၍ ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ် အကြံပြုရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ၊ ဥပဒေအိမ်၊ ဥပဒေပညာ ရပ်ဆိုင်ရာအသင်း၊ ကျေးရွာအုပ်စု/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမား များဖြင့် သုညအဆင့်တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေ (မူကြမ်း)အား မြို့နယ်အဆင့် ပြည်သူလူထုများနှင့် တွေ့ဆုံရှင်းလင်းတင်ပြခြင်းဆိုင်ရာ ဆွေးနွေး ပွဲများပြုလုပ်ခဲ့ပါသည်။

၄။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် Gold Hotel ၌ ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများ၊ ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာအသင်းတို့ဖြင့် မြို့နယ်အဆင့် ပြည်သူလူထု တွေ့ဆုံပွဲမှ ရရှိလာသောအချက်အလက်များကို သုညအဆင့်တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေ(မူကြမ်း)အား ပြန်လည်ပြင်ဆင်ဖြည့်စွက် ဆောင်ရွက် ခဲ့ပါသည်။

၅။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ပြည်နယ်ခန်းမ၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဦးဆောင်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြု ရေးဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများ၊ ဥပဒေအိမ်၊ ဥပဒေ ပညာရပ်ဆိုင်ရာအသင်း၊ ကျေးရွာအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများ၊ NGOs၊ အသင်းအဖွဲ့များ စုစုပေါင်း (၄၂၀)ဦးဖြင့် သုညအဆင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း) ဖြစ်မြောက်ရန်အတွက် ပြည်နယ်အဆင့် ပြည်သူလူထုများအား တွေ့ဆုံရှင်းလင်းတင်ပြခြင်း ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

၆။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်နေ့တွင် Gold Hotel ၌ ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၊ ပြည်နယ်လွှတ်တော် ရုံးဝန်ထမ်း များ၊ ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာအသင်းတို့ဖြင့် ပြည်နယ်အဆင့် ပြည်သူလူထုတွေ့ဆုံပွဲမှ ရရှိလာသော အချက်အလက်များကို ပြန်လည်ပြင်ဆင် ဖြည့်စွက်နိုင်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ ပါသည်။

၇။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ Gold Hotel ၌ ပြည်နယ် လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေး ကော်မတီ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ရုံး ဝန်ထမ်းများ၊ ဥပဒေအိမ်၊ ဥပဒေပညာရပ်ဆိုင်ရာ အသင်း၊ တောင်သူလယ်သမားများ၊ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ၊ KEAN ၊ Vision Fund

၈။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပြည်နယ်လွှတ်တော် ရေးရာကော်မတီအစည်းအ‌ဝေး ခန်း၌ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌမှ ဦးဆောင်၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ ဥပဒေ လေ့လာစိစစ်အကြံပြုရေးဆိုင်ရာကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် တွေ့ဆုံပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ လေ့လာအကြံပြုနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

၉။ သို့ဖြစ်ပါ၍ သုတေသနစစ်တမ်းကောက်ယူခြင်းနှင့် လူထုတွေ့ဆုံပွဲများမှ ရရှိလာသော အချက်အလက်များကို အခြေခံပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှ ဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကော်မတီများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၏ ဆွေးနွေးအကြံပြု ချက်များပါဝင်သော တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ ဥပဒေ (မူကြမ်း)အား ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တင်ပြပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ဥပဒေလေ့လာ စိစစ်အကြံပြုရေးဆိုင်ရာကော်မတီတို့မှ ဦးဆောင်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။