02
Sep

ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယ)နေ့ကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်ပြီးစီး

ကယားပြည်နယ်လွှတ်တော်ရုံး

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၂)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ဗမာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၈) ဦးတက်ရောက်ကာ အစည်း အဝေးမတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦး ရှိသည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၉၀)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

‌‌မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ ကယားပြည်နယ်အတွက် နှစ်စဥ်အရေးပေါ်ရန်ပုံငွေ ရရှိမှုအခြေအနေနှင့်  စပ်လျဥ်းပြီး သိရှိလိုခြင်း  မေးခွန်းနှင့်  ပုံစံ(၇) မြေကွက်ပေါ် နေအိမ်ကျူးကျော်မှုကိစ္စနှင့် စပ်လျဥ်းပြီး သိရှိလိုခြင်း” မေးခွန်း၊ မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ မြေထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းတို့ကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ (မူကြမ်း)”အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေး ကော်မတီနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီတို့က စိစစ်ချက်အစီရင်ခံစာတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး “ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)”အား ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းခြင်း၊ ၎င်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီက စိစစ်ချက်အစီရင်ခံစာ တင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း  ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက “၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေ(မူကြမ်း)”ကို ပြည်နယ်လွှတ်တော်သို့ ပေးပို့ထားသည့်အတွက် ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၆၊ နည်းဥပဒေခွဲ(ခ)(၂)အရ ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေး ရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ (၁၀-၆-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်‌မောင်ဖြူ တင်သွင်းခဲ့သော “ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ (၁)နှစ်တာကာလ အတွင်းလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ”နှင့်  စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(ဒုတိယနေ့)ကို (၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါ သည်။