23
Dec

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်‌တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပပြီးစီး

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ကြပြီး အစည်းအဝေးမတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁)ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦး ရှိသည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၈၅)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မေးခွန်း(၂)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆို(၁)ခုနှင့် စပ်လျဥ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ဥပဒေကြမ်း(၂)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ဥပဒေကြမ်း(၁)ခုနှင့် စပ်လျဥ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့‌ဆောင်ရွက်ခဲ့ ပြီး အစည်းအဝေး(ပထမနေ့)ကို နံနက်(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။