24
Dec

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပပြီးစီး

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် ကယား ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇) ဦးတက်ရောက်ကြပြီး အစည်းအဝေးမတက်ရောက်နိုင်၍ ယမန်နေ့ကခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁)ဦးနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦးရှိသည့်အတွက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၈၅)ရာခိုင်နှုန်း တက်ရောက်ကြပါသည်။

‌‌မေးခွန်း(၂)ခုမေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆို(၁)ခု အတည်ပြုခြင်းနှင့် “၂၀၂၀ပြည့်နှစ် ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေ”ကို အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၁၀း၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။