15
May

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) (၂၇-၂-၂၀၁၇) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့) (၂၇-၂-၂၀၁၇) ရက်နေ့၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားခြင်း

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ကျွန်တော့အနေနဲ့ နိဂုံးချုပ်အမှာစကား အနည်းငယ် ပြောကြားလိုပါတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ် စတုတ္ထပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ကြောင်း ဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။  ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ပြည်သူတို့မျော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိမိမဲဆန္ဒနယ်ရှိ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးရဲ့ တာဝန်တစ်ရပ် မဲဆန္ဒနယ် (၂)မှ မေးခွန်း(၂)၊ အဆို(၁)ခု၊ ဦးတီရယ်၊ ရှားတောမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဦးအေးရွှေ၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ မေးခွန်း(၁)၊ အဆိုမရှိ၊ ဦးစိုးရယ်၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်(၂)မှ မေးခွန်း(၂)၊ အဆို(၁)ခု၊ ဦးဝင်းမြင့်၊ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဦးရန်နိုင်ဆွေ၊ ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ်(၂)မှ မေးခွန်း(၄)ခု၊ အဆိုမရှိ၊ ဦးအောင်နိုင်ဦး၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်(၁)မှ မေးခွန်း(၁၇)ခု၊ အဆို(၃)ခု၊ ဦးအယ်လ်ဖောင်းရှို၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်(၂)မှ မေးခွန်း မရှိ၊ အဆိုမရှိ၊  ဦးလှမျိုးဆွေ ဗမာတိုင်းရင်းသားဝန်ကြီးမှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဗိုလ်မှူးကြီးဇော်မျိုးတင်၊ တပ်မတော်သားကိုယ်စားလှယ်မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဗိုလ်မှူးနေထွန်း၊ တပ်မတော်သားကိုယ်စားလှယ်မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဗိုလ်မှူးအောင်ခိုင်စိုး၊ တပ်မတော်သားကိုယ်စားလှယ်မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဗိုလ်မှူးမင်းသူ၊ တပ်မတော်သား ကိုယ်စားလှယ်မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ ဗိုလ်မှူးမျိုးမြင့်၊ တပ်မတော်သား ကိုယ်စားလှယ်မှ မေးခွန်းမရှိ၊ အဆိုမရှိ၊ စုစုပေါင်း အနေဖြင့် မေးခွန်း (၄၅)ခု၊ အဆို (၇)ခု ရှိကြောင်းတွေ့ရပါတယ်။ ဒါ့ကြောင့် လွှတ်တော်အစည်းအဝေးမကျင်းပခင်နဲ့ ကျင်းပပြီးတိုင်း သက်ဆိုင်ရာ မဲဆန္ဒနယ်တွေဆီကို သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းကို လုပ်ဆောင်ကြပါ။ ပြည်သူတွေဆီက ရလာတဲ့ မေးခွန်းများ၊ အချက်အလက်များကို လွှတ်တော်သို့တင်ပြကြပါ။ ရေးရာကော်မတီများရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး တင်ပြရရင် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေနဲ့ အစည်းအဝေး(၁၀) ကြိမ်၊ အစီရင်ခံစာ(၂)စောင်၊ ဥပဒေလေ့လာစိစစ်ရေးအကြံပြုရေးကော်မတီအနေနဲ့ အစည်းအဝေး(၇) ကြိမ်၊ အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီအနေနဲ့ အစည်းအဝေး (၃)ကြိမ်၊ အစီရင်ခံစာ(၁)စောင်၊ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စိစစ်ရေးကော်မတီအနေနဲ့ အစည်း အဝေး(၆)ကြိမ်၊ ကွင်းဆင်းခြင်း(၁၅)ကြိမ်၊ အစီရင်ခံစာ(၁)စောင်၊ တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီအနေနဲ့ အစည်းအဝေး(၇)ကြိမ်၊ အစီရင်ခံစာ(၁)စောင်၊ တိုင်စာပစ်စာလေ့လာ ဆန်းစစ်ရေးအဖွဲ့အနေနဲ့ အစည်းအဝေး(၈)ကြိမ်၊ ကြားနာပွဲ(၈)ကြိမ်၊ စုစုပေါင်းအစည်းအဝေး အကြိမ် (၄၁)၊   လက်တွေ့ကွင်းဆင်းခြင်း (၂၁)ကြိမ်၊ အစီရင်ခံစာ (၅)စောင်နဲ့ ကြားနာခြင်း (၈)ကြိမ်တို့ကို

လွှတ်တော်သို့ ပေးပို့လာတာတွေ့ရပါတယ်။ ရေးရာကော်မတီများအနေနဲ့ တစ်လတစ်ကြိမ် တွေ့ဆုံ ပြီး ရှေ့လုပ်ငန်းစဉ်များအတွက် တိုင်ပင်ဆွေးနွေးကာ လွှတ်တော်ခေါ်ယူတိုင်း ကော်မတီရဲ့ လုပ်ငန်း အစီရင်ခံစာကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံပါ။ ရေးရာကော်မတီဟာ လွှတ်တော်ရဲ့ လက်ရုံး ဖြစ်တဲ့အတွက် ရေးရာကော်မတီတွေအားကောင်းမှ လွှတ်တော်အားကောင်းတာပါ။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလမှာ ရေးရာကော်မတီတွေဟာ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး အတွက် တင်ဒါလုပ်ငန်းနှင့် လုပ်သည့်ကုမ္ပဏီများ၏ လုပ်ငန်းများအရည်အသွေးပြည့်ဝရေးအတွက် မိမိနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြတာ မြင်ရ၊ ကြားရလို့ အထူးပင် ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ ရှေ့ဆက်ပြီး ပြည်သူတွေအတွက် အလုပ်လုပ် ပေးကြပါလို့ မှာကြားလိုပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ်  ကယားပြည်နယ်လွှတ်တော် ရဲ့သက်တမ်းဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် တစ်နှစ် ပြည့်သွားပါပြီ။ ပြီးခဲ့တဲ့ တစ်နှစ်သက်တမ်းအတွင်းမှာ မိမိတို့ရဲ့ မဲဆန္ဒနယ်အတွင်း မေးခွန်းတွေ၊ အဆိုတွေ ဘယ်နှစ်ခုလောက် မေးမြန်း၊ တင်သွင်းခဲ့ပြီလဲ၊ မိမိတို့ရဲ မဲဆန္ဒနယ်အတွင် ဘာတွေလုပ်ပေး နိုင်ခဲ့ပြီလဲ ဆိုတာကို ပြန်လည်စဉ်းစား၊ သုံးသပ်ကြပါ။ မိမိရဲ့ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လွှတ်တော်မှာ အများကြီးတာဝန်ရှိတာဖြစ်လို့ မိမိနယ်မြေဒေသနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ၊ သတင်းအချက်အလက်၊ မဲဆန္ဒရှင်များရဲ့ လိုလားချက်၊ တင်ပြတောင်းခံချက်တွေကို မပြတ်မလပ် နားစွင့်ပြီး လွှတ်တော်မှာအတူတစ်ကွ ပူးပေါင်းဆောင်ရွက်ကြပါ။ ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ပြည်သူတို့မျော်လင့်ချက်၊ လွှတ်တော်ကဖေါ်ဆောင်ရွက် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူတွေရဲ့ဆန္ဒကို စေတနာမှန်ကန်မှု၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနဲ့ အကောင်အထည်ဖေါ်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောလိုပါတယ်။ နိဂုံးချုပ် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ထဲတွင် လွှတ်တော်သို့ အစီရင်ခံတင်ပြ ရာ၌ နိုင်ငံတော်တံဆိပ်အား အလေးအမြတ်ထားခြင်းနှင့် လွှတ်တော်ကို လေးစားသောအားဖြင့် မတ်တပ်ရပ်၍ ဆွေးနွေးတင်ပြကြပါရန် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။