13
May

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော တောင်ပေါ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေ စာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅

(၅-၁၁-၂၀၁၉) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် ကယားပြည်နယ်လွှတ်တော်ရုံး၊ ရေးရာ ကော်မတီများ ခန်းမဆောင်၌ ကျင်းပပြုလုပ်သော ” ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းဖြစ်သော ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊မော်ချီးကျေးရွာ၊ အောင်ချမ်းသာ တောင်ပေါ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းစောင့်ကြည့် စစ်ဆေးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”သို့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး နှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်၊ Perfect System (QC) ဦးပြည့်စုံဝင်း၊ ရွှေစည်သူဦး ကုမ္ပဏီမှ MD ဒေါ်နွယ်နီမြင့်နှင့် မန်နေဂျာ ဦးသက်ထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။