
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏သုံးသပ်မှု
၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၁၃) မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင်အတည်ပြုလိုက်သည့် ” ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ” အား ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃၊ ၂၄ နှင့်အညီ ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ (က) အရ ဖွဲ့စည်းခြင်းမပြုနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၈ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်တစ်ရပ်ရပ်ပြဌာန်းသည့်ဥပဒေ၊တည်ဆဲဥပဒေတစ်ရပ်ရပ်က ဆန့်ကျင်ကွဲလွဲနေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ လိုက်နာကျင့်သုံးရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သုံးသပ်မှုကို ကယားပြည်နယ်အစိုးရအဖွဲ့ က တစ်ဆင့် ပေးပို့လာ၍ သိရှိခဲ့ရခြင်းကို အများပြည်သူလေ့လာဆည်းပူးနိုင်စေရန် ပြန်လည် တင်ပြအပ်ပါသည်။