
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကော်မတီ

အကြောင်းအရာ။ ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီကို ( ၄ – ၄ – ၂၀၁၉ )ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အတည်ပြုချက်အရ ဖွဲ့စည်းခဲ့ပါသည်-
ဦးခင်မောင်ထွန်း | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | ဥက္ကဋ္ဌ |
ဦးဘန်ဒီ | ရပ်မိရပ်ဖ | အဖွဲ့ဝင် |
ဦးကော်ဖရီခင်ဦး | မော်တော်ယာဉ်လုပ်ငန်း | အဖွဲ့ဝင် |
ဦးမီရယ်မြင့် | လယ်ယာလုပ်ငန်း | အဖွဲ့ဝင် |
ဦးမြင့်မောင် | ကုန်သည် | အဖွဲ့ဝင် |
ဦးရယ်စိုးညွှန့် | တောင်သူ | အဖွဲ့ဝင် |
ဦးငါးရယ် | လယ်ယာလုပ်ငန်း | အဖွဲ့ဝင် |
ဒေါ်အယ်ဂျူးဖေါ | ရပ်မိရပ်ဖ | အဖွဲ့ဝင် |
ဦးသန်းထိုက်အောင် | အထက်တန်းရှေ့နေ | အတွင်းရေးမှူး |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများ
ကော်မတီ၏သက်တမ်း
၁။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်သည်။ ကော်မတီဝင်များ၏ သက်တမ်း(၁)နှစ် ပြည့်မြောက်သည့်အခါ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ကော်မတီဝင်တစ်ဦးဦးသည် အကြောင်းတစ်ခုခုကြောင့် နှုတ်ထွက်ခြင်း၊ ကော်မတီဝင်ထပ်မံ ဖြည့်တင်းခြင်းများကို ပြည်နယ်လွှတ်တော်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်အတည်ပြုချက် ရယူဆောင်ရွက်ရမည်။
ကော်မတီ၏ တာဝန်များ
၂။ ကော်မတီသည် ပြည်နယ်၏တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်းသည့် ဖြစ်ပွားလာနိုင်ခြေရှိ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်းနှင့် သက်ဆိုင်ရာထံသို့ အစီရင်ခံတင်ပြခြင်း၊
၃။ ကော်မတီသည် ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ထိခိုက်စေသည့် ကိစ္စရပ်များကို ကွင်းဆင်းလေ့လာစစ်ဆေးခြင်း၊ သက်ဆိုင်ရာ များကို အစီရင်ခံ ခြင်းနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း၊
၄။ ကော်မတီသည် “ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁ (ဂ) ပြည်သူတို့၏ အေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။” ဟူသည့် ဥပဒေပါ ပြဋ္ဌာန်း ချက်အား နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်နိုင်ရေးကို ဦးတည်ရမည်၊
၅။ ကော်မတီသည် နိုင်ငံတော်၏ အများပြည်သူအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊
၆။ ကော်မတီသည် ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ရမည်၊
၇။ ကော်မတီသည် ပြည်နယ်အတွင်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ် တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာသို့ ပုံမှန် အစီရင်ခံခြင်း ပြုလုပ်ဆောင်ရွက်ရမည်။
ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၈။ ကော်မတီသည် ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်ကိစ္စကိုမဆို သက်ဆိုင်သည့် အဖွဲ့၊ ဌာန၊ လူပုဂ္ဂိုလ်အား စုံစမ်းမေးမြန်း ခွင့်နှင့် သက်ဆိုင်ရာသို့ အစီရင်ခံခွင့်ရှိသည်။
၉။ ကော်မတီသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူညီချက်နှင့်အညီ ပြည်နယ် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လူမှုအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်များတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများ ပြုနိုင်သည်။
၁၀။ ကော်မတီသည် ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်သည်ဟု ယူဆ၍သော်လည်းကောင်း သို့မဟုတ် ထိခိုက်နေသည်ဟုယူဆလျှင် မူလ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်လျှင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်နှင့်အညီ ယင်းဖြစ်ရပ်တွင်ပါဝင်ဆက်နွယ်သူများ၊ သက်ဆိုင်သူများနှင့် ကြားဝင်စေ့စပ် ညှိနှိုင်းအဖြေရှာခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
၁၁။ ကော်မတီသည် လုပ်ငန်းနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများ၊ သတင်းအချက် အလက် များကို လုံခြုံစွာထိန်းသိမ်းရန်နှင့် အများပြည်သူသိရှိရန်လိုအပ်ပါက ကော်မတီ၏ ဆုံးဖြတ်ချက် နှင့်အညီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအားတင်ပြ၍ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်နှင့်အညီ ထုတ်ပြန် နိုင်သည်။
၁၂။ ကော်မတီသည် ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်ပါက သက်ဆိုင်သည့်အသင်းအဖွဲ့၊ ဌာန၊ လူပုဂ္ဂိုလ် အား ကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၃။ ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) အဖွဲ့ဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်း ကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ် သည့် ရပိုင်ခွင့်များကို ခံစားခွင့်ရှိမည်၊ ကော်မတီဝင်/အဖွဲ့ဝင်များသည် ကော်မတီ/အဖွဲ့၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက် ရန်ဖြစ်စေ၊ ကော်မတီ/အဖွဲ့အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ/အဖွဲ့ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွား လာရာ၌လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသော နှုန်းထားများ အတိုင်း စရိတ်ခံစားခွင့်၊ ခရီးစရိတ်ခံစားခွင့်များ ရရှိစေရမည်၊
(ခ) အဖွဲ့အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ ) အဖွဲ့အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှ တဆင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဃ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် အဖွဲ့အစည်းအဝေးများကို တက်ရောက်ခွင့် ရှိသည်။
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးငါးရယ် |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား /ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ဒမဆ(နိုင်) ၀၁၅၃၈၂ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၇-၇-၁၉၆၀ (၅၉)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်အုပ်စု၊ ဝီသဲကူးမြောက်ရွာ |
၇။ | ပညာအရည်အချင်း | ၊ | ၅တန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | လယ်ယာလုပ်ငန်း |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးသေးရယ်၊ လယ်ယာလုပ်ငန်း |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ကူးမြာ၊ လယ်ယာလုပ်ငန်း |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ရီးမြာ၊ လယ်ယာလုပ်ငန်း |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်ဆော်ရယ် ၊ကျောင်းသား မောင်ကူးရယ် ၊ ကျောင်းသား မောင်ဘူးရယ် ၊ ကျောင်းသား |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | နောင်ယား (က) ၊ လွိုင်ကော်မြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၂၉၄၀၂၇၁၅ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးကော်ဖရီခင်ဦး |
၂။ | အခြားအမည် | ၊ | သားကြီး |
၃။ | လူမျိုး/ဘာသာ | ၊ | ကရင်/ ဂေဘား၊ ကက်သလစ် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်)၀၂၈၃၄၉ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၄-၃-၁၉၆၉၊ (၅၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဖားဆောင်းမြို့ |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | မော်တော်ယာဉ်လုပ်ငန်း |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးသောမတ်(စ်)ဒေး၊ ပင်စင်စား |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မာဂရက်ကြည်ဝင်း၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဂျူလျားနု၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်အလက်ဆန်းဒါး၊ ကျောင်းသား မချောစုခင်၊ ကျောင်းသူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ထ/၅၊ ထေးသမ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉ ၅၆၀၀၁၈၉ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဒေါ်အယ်ဂျူးဖေါ |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | မနုမနော၊ ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ဒမဆ(နိုင်)၀၃၉၂၁၆ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁-၁၁-၁၉၈၈၊ (၃၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဒီးမော့ဆိုမြို့ |
၇။ | ပညာအရည်အချင်း | ၊ | Midwife Diploma |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ရပ်မိရပ်ဖ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးဂျီးနို) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်အဲမလေ၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဦးဒီလင်းဘာ၊ လယ်ယာလုပ်ငန်း |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | – |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | စ/၁၁၉၊ စည်ပင်သာယာရပ်၊ ဒီးမော့ဆိုမြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၄၂၇၇၀၁၁၂၊ ၀၉၄၂၈၀၀၂၀၄၈၊ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးသန်းထိုက်အောင် |
၂။ | အခြားအမည် | ၊ | ငဲငဲ |
၃။ | လူမျိုး/ဘာသာ | ၊ | ဂေခို/ကယား၊ ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်)၀၆၉၄၀၀ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၀-၃-၁၉၈၉ (၃၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | ဥပဒေဘွဲ့ (LL.B) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးရွှေအောင်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဗျားမြာ၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | – မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | – မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မ/၂၈၄ (က)၊ ခွာညိုလမ်း၊ မင်္ဂလာရပ်ကွက် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၂၅၄၇၆၂၂၀၇ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးမီရယ်မြင့် |
၂။ | အခြားအမည် | ၊ | ဦးမြင့်မောင် |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား/ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ဘလခ(နိုင်)၀၀၁၂၂၂ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၃-၃-၁၉၄၉ ၊ (၇၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ချိကယ်၊ ဒေါကလိုးခူရွာ |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | လယ်ယာလုပ်ငန်း |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးဖြေရယ်၊ လယ်ယာလုပ်ငန်း |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဦးဖြေရယ်၊ လယ်ယာလုပ်ငန်း |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဘူးမြာ၊ လယ်ယာလုပ်ငန်း |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဖြေမြာ၊ လယ်ယာလုပ်ငန်း မောင်ဖိုးရယ်၊ လယ်ယာလုပ်ငန်း မောင်လေးရယ်၊ လယ်ယာလုပ်ငန်း မမဲမြာ၊ လယ်ယာလုပ်ငန်း မောင်ရှေးရယ်၊ လယ်ယာလုပ်ငန်း |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | နက-၅၉/ ၆၀ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၇၈၀၅၃၆၈၁၁ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးခင်မောင်ထွန်း |
၂။ | အခြားအမည် | ၊ | ဦးနော်အီး |
၃။ | လူမျိုး/ဘာသာ | ၊ | ကယော/ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဖရဆ(နိုင်)၀၀၁၀၃၆ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၅-၁-၁၉၇၂(၄၈နှစ်) |
၆။ | မွေးဖွားရာဇာတိ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်းအောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးမာဆူအီ) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်မာရိယာ) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဂျိုဝါးနာ၊ လယ်ယာ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဂဉ္စဏား၊ ကျောင်းသူ မအင်နိုးရှင်း၊ ကျောင်းသူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၈၉၅၇၉၇၅၀၁ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးဘန်ဒီ |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ဟိန္ဒူ/ ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်)၀၄၄၈၅၃ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၀-၁၂-၁၉၆၆ (၅၃)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | သံတွဲမြို့ |
၇။ | ပညာအရည်အချင်း | ၊ | B.Sc (Zool) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ရပ်မိရပ်ဖ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးမိုဟင်းဒါး) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်ခင်ခင်ဝင်း) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ရှမ်း/၁၀၂၊ နဝရတ်လမ်း၊ ရှမ်းစုရပ်ကွက်၊လွိုင်ကော်မြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၅၆၀၀၅၀၅၊ ၀၈၃-၂၁၃၂၉ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးရယ်စိုးညွန့် |
၂။ | အခြားအမည် | ၊ | ဦးကိုးရယ် |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား / ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်)၀၀၇၇၁၄ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၈-၁၁-၁၉၆၅၊ (၅၄)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ပကြဲ |
၇။ | ပညာအရည်အချင်း | ၊ | B.A (သမိုင်း)၊ (U.D.E) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | တောင်သူ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးလူရယ်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်ဘူးမြာ) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်သန်းသန်း၊ အငြိမ်းစား အထက်တန်းသူနာပြု(အငြိမ်းစား) |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | ရယ်သန်းထိုက်စိုး၊ တောင်သူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ပက/၆၁ (ခ)၊ ၃မိုင်ပကြဲစံပြ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉ ၄၂၈၀၀၀၇၁၄ |
ပြည်နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးမြင့်မောင် |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ၊ ရှမ်း၊ အင်း/ ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်) ၀၀၆၅၆၀ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၈-၁၀-၁၉၆၆ (၅၃)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လောပိတ |
၇။ | ပညာအရည်အချင်း | ၊ | B.A (ပထဝီ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ကုန်သည် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးမြင့်လှိုင်)၊ လျှပ်စစ်ဝန်ထမ်း |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်အေးညို၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ထားရုမို၊ တောင်ယာလုပ်ငန်း |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်ဘိုးရယ်မြင့်မောင်၊ စက်မောင်း မဝီမြာမြင့်မောင်၊ ဂျက်ဖာကုမ္ပဏီစာရင်းကိုင် မထွေးမြာမြင့်မောင် (ACTY SOFT WAER COMPANY) |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | လောကထူးရွာ၊ လောပိတ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၂၆၀၉၀၁၀၀၊ ၀၉၇၈၄၄၁၈၁၅၃ |