14
May

လုပ်ငန်းစီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လှန်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ

၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့မှ(၂၀)ရက်နေ့အထိ Chatrium Hotel Royal Lake Yangon တွင် ကျင်းပပြုလုပ်သည့် “တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် လုပ်ငန်းစီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လှန်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ” တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများကိုယ်စား ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ဦးလှထွေး မှ အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ်ဒုတိယဥက္ကဋ္ဌ ၊ ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် တို့ တက်ရောက်ကြကာ ပြည်ထောင်စုအဆင့်လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ရေးရာကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများ တက်ရောက်ကြသည်။