

အကြောင်းအရာ။ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၁။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို (၅-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)အတည်ပြုချက်အရ အဖွဲ့ဝင်(၁၀) ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥဒေ ၆၂(ခ) အရ ကော်မတီနှင့်အဖွဲ့များ၏ သက်တမ်းအား(၁)နှစ် သတ်မှတ်ခဲ့ရာ (၅-၁၀-၂၀၁၉)ရက်နေ့ တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ သက်တမ်းမှာ(၁)နှစ် ပြည့်မည်ဖြစ်ပါသည်။
၂။ ကော်မတီသက်တမ်း(၁)နှစ်ပြည့်မည်ဖြစ်၍ (၂-၁၀-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) အတည်ပြုချက်ဖြင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီကို သက်တမ်းမှာ(၁)နှစ် တိုးမြှင့် သတ်မှတ်လိုက်ပြီး အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည်-
ဦးအောင်နိုင်ဦး | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | ဥက္ကဋ္ဌ |
ဗိုလ်မှူးမျိုးမင်းထက် | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် |
ဦးခင်မောင်ထွန်း | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | အဖွဲ့ဝင် |
ဦးထင်လင်းအောင် | ရွှေဆိုင်လုပ်ငန်း | အဖွဲ့ဝင် |
ဦးစိုးရာဇာဝင်း | စာရေးဆရာ | အဖွဲ့ဝင် |
ဦးထင်လင်းအောင် | စျေးသည် | အဖွဲ့ဝင် |
ဦးကံဝင်း | (စားထုံး)လုပ်ငန်း | အဖွဲ့ဝင် |
ဦးနောင်ရိုး | အရောင်းအဝယ် | အဖွဲ့ဝင် |
ဦးဘန်ဒီ | ရပ်မိရပ်ဖ | အတွင်းရေးမှူး |
၂။ သို့ဖြစ်ပါ၍အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို သက်တမ်း(၁)နှစ်တိုးမြှင့်သတ်မှတ်ခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းကို သိရှိနိုင်ရန်နှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များအား ပြင်ဆင်မှုမရှိ မူလအတိုင်း သတ်မှတ်ပါကြောင်း အကြောင်းကြားပါသည်။
အကြောင်းအရာ။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး
ကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၁။ ၂၀၁၆ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးအတည်ပြုချက်အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်သည်။
အကြောင်းအရာ။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး
ကော်မတီအား အစားထိုးပြင်ဆင်ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း
၁။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို (၂၁-၇-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့) အတည်ပြုချက်အရ အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ရာတွင် ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးနေထွန်းသည် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သွားပြီ ဖြစ်ပါသဖြင့် ၎င်းနေရာတွင် ဗိုလ်မှူးမျိုးမင်းထက်အား (၁၂-၆-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)၌ ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစားထိုးခန့်အပ်၍ ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပြီး (၂-၁၀-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) အတည်ပြုချက်ဖြင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီကို သက်တမ်း မှာ(၁)နှစ် တိုးမြှင့် သတ်မှတ်လိုက်ပြီး အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်လိုက်သည်-
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
ကော်မတီ၏သက်တမ်း
၁။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်သည်။ ကော်မတီဝင်များ၏ သက်တမ်း (၁)နှစ် ပြည့်မြောက်သည့်အခါ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ကော်မတီဝင်တစ်ဦးဦးသည် အကြောင်းတစ်ခုခုကြောင့် နှုတ်ထွက်ခြင်း၊ ကော်မတီဝင်ထပ်မံ ဖြည့်တင်းခြင်းများကို ပြည်နယ်လွှတ်တော်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော် အတည်ပြုချက် ရယူဆောင်ရွက်ရမည်။
ကော်မတီ၏တာဝန်များ
၂။ ကော်မတီသည် –
(က) နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်
ရှိရေးတို့ ဆောင်ရွက်ပေးရမည်၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်
အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ကို နိုင်ငံသားတိုင်း
ခံစားနိုင်ရေးအတွက် အားပေးကူညီရမည်၊
( ဂ ) နိုင်ငံ့ဝန်ထမ်းများ၏အခွင့်အရေးများ မှန်ကန်စွာရရှိစေရေးအတွက် စိစစ်ကူညီ
ဆောင်ရွက်ပေးရမည်၊
(ဃ) အဆို၊ မေးခွန်း၊ ဥပဒေများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရအဖွဲ့က အခါ
အားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ စိစစ်ပြီး မည်သည့်အခြေအနေအထိ ဆောင်ရွက် ပြီးကြောင်း၊ အစိုးရက ဆောင်ရွက်ပြီးလျှင် ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း ဆောင်ရွက်ပြီးခြင်း ရှိ/မရှိနှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ/ မရှိ စိစစ်ချက်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရမည်၊
( င ) လွှတ်တော်၏ဆုံးဖြတ်ချက်အရ လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်လာလျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို လွှတ်တော်အစည်းအဝေးသို့ ပြန်လည်တင်ပြရမည်၊
( စ ) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ ကော်မတီကစိစစ်ရန် လိုအပ် သည်ဟု လွှတ်တော်ကဆုံးဖြတ်၍ တာဝန်ပေးအပ်လာလျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို လွှတ်တော်အစည်းအဝေးသို့ ပြန်လည်တင်ပြရမည်၊
(ဆ) တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့်ညီညွတ်ဆီလျော် ပါက အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင် စောင့်ကြည့် ထိန်းညှိကူညီရမည်၊
( ဇ ) သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့်ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့တင်ပြ အစီရင်ခံရမည်၊
( ဈ ) ကော်မတီသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄ အရ လွှတ်တော်အဖွဲ့အစည်းများသည် လွှတ်တော်ကို တာဝန်ခံရမည်။ လွှတ်တော် ကျင်းပချိန်မဟုတ်လျှင် ဥက္ကဋ္ဌကိုတာဝန်ခံရမည်၊
(ည) ကော်မတီသည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့်အဖွဲ့အစည်းများ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်၊
( ဋ ) ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြု ထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော် သို့ပေးပို့သော အစီရင်ခံစာမိတ္တူကိုအစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
ကော်မတီ၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
၃။ ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၄။ ကော်မတီ၏အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ –
(က) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော်
လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးက
သော်လည်းကောင်း ကော်မတီ၏အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရမည်၊
( ခ ) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူ
ကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်
များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍
လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( ဂ ) အစီရင်ခံစာကိုတင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့် နေ့တစ်နေ့
တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူးက
သော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်
တစ်ဦးကသော်လည်းကောင်း ကော်မတီ၏အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန်
အဆိုတင်သွင်းရမည်၊
(ဃ) အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ်
ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း၊ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကသဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
၅။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကို
မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသောအကျိုးအကြောင်း
ဖော်ပြချက် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၆။ ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသာနှုန်းထားများအတိုင်း စရိတ်ခံစားခွင့်၊ ခရီးစရိတ်ခံစားခွင့်များ ရရှိစေရမည်၊
(ခ) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေ
အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏
အကြီးအမှူးမှတဆင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဃ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများကို တက်ရောက်ခွင့် ရှိသည်။
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးအောင်နိုင်ဦး |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ကရင်/ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဝခမ(နိုင်)၀၀၀၃၆၉ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၉၇၁ခုနှစ်၊ (၄၈)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ကျိုက္ကဆံရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး |
၇။ | ပညာအရည်အချင်း | ၊ | အဋ္ဌမတန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးသန်းဦး(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်တင်နွဲ့ (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | နော်အယ်(လ်)နာ၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | ပြည့်စုံအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ဝန်ထမ်း) ပြည့်ဖြိုးအောင်၊ ကျောင်းသား ပြည့်ဟိန်းအောင်၊ ကျောင်းသား |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ဝေပါလန်ကျေးရွာ၊မယ်စဲ့မြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၅၂၆၉၄၁၄၁ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးခင်မောင်ထွန်း |
၂။ | အခြားအမည် | ၊ | ဦးနော်အီး |
၃။ | လူမျိုး/ဘာသာ | ၊ | ကယော/ ခရစ်ယာန်ဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဖရဆ(နိုင်)၀၀၁၀၃၆ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၅-၁-၁၉၇၂(၄၄နှစ်) |
၆။ | မွေးဖွားရာဇာတိ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်းအောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးမာဆူအီ(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မာရိယာ(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဂျိုဝါးနာ၊ လယ်ယာ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဂဉ္စဏား၊ ကျောင်းသူ မအင်နိုးရှင်း၊ ကျောင်းသူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၈၉၅၇၉၇၅၀၁ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဗိုလ်မှူးမျိုးမင်းထက် |
၂။ | အခြားအမည် | ၊ | မျိုးထက် |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ/ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၉/တသန(နိုင်)၁၃၈၉၈၄ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၆-၅-၁၉၈၄(၃၅)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | တစ်လိုင်းရပ်ရွာသစ်ကျေးရွာ၊ တောင်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
၇။ | ပညာအရည်အချင်း | ၊ | M.Sc,B.Sc (Chem) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးမောင်မောင်၊ တောင်သူ |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ရွှေချော၊ ကျောင်းဆရာမ |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်တင်တိုးပပဝင်း၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်သူရမျိုးသွေး၊ မှီခို |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | တစ်လိုင်းရပ်ရွာသစ်ကျေးရွာ၊ တောင်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၄၄၄၆၃၂၁၂၉ ၊ ၀၉၄၄၇၇၈၈၁၁၈ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးထင်လင်းအောင် |
၂။ | အခြားအမည် | ၊ | ဦးအတူး |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ၊ ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၁၂/မရက(နိုင်)၀၁၀၇၆၁ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၀-၉-၁၉၆၆ (၅၃)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လားရှိုး |
၇။ | ပညာအရည်အချင်း | ၊ | သိပ္ပံဘွဲ့ (ရူပဗေဒ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ရွှေဆိုင်လုပ်ငန်း |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဗိုလ်ကြီးခင်မောင် (ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ကြည်ကြည် (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ကြူကြူလွင် (စျေးသည်) |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရတီဖြိုး (ကျောင်းသူ) မချမ်းမြေ့ဆု(ကျောင်းသူ) |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ၂၅၃၊ (၉)လမ်း၊ နောင်ယား(က)၊ လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၉၇၄၁၆၄၃၉၇ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးစိုးရာဇာဝင်း |
၂။ | အခြားအမည် | ၊ | ဦးစိုးညွန့်ဝေ (လွိုင်ကော်) |
၃။ | လူမျိုး/ဘာသာ | ၊ | အင်း၊ ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်)၀၆၉၄၃၀ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၉-၄-၁၉၈၈(၃၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော် |
၇။ | ပညာအရည်အချင်း | ၊ | BA (Myanmar) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | စာရေးဆရာ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးစိုးမြင့်အောင်၊ ဥယျာဉ်ခြံ |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဝင်းဝင်းရီ၊ ဥယျာဉ်ခြံ |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | – |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | – |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မိုင်း/ ၃၆၄၊ မိုင်းလုံးရပ်ကွက်၊ လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၂၈၀၀၀၂၁၂ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးကံဝင်း |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ၊ ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်)၀၁၃၂၆၅ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၇-၉-၁၉၅၉ (၆၀)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | သရက်တောရွာ၊ မြစ်ခြေမြို့၊ ပခုက္ကူခရိုင် |
၇။ | ပညာအရည်အချင်း | ၊ | ဒသမတန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | စားထုံးလုပ်ငန်း |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးတင်မောင် (ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဂုဏ်မြင့် (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | – |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | – |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ရွှေ/၉၀၊ သဇင်လမ်း၊ ရွှေတောင်ရပ်၊ လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၇၉၅၅၁၉၈၀၀ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးနောင်ရိုး |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ရှမ်း/ အင်း၊ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်) ၀၆၁၈၂၅ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၃-၉-၁၉၈၆ (၃၃)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဒေါဥခူရပ်ကွက်၊ လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | B.A(Myanmar) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အရောင်းအဝယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးသန်းဝင်း (ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်အုန်းကြည်(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | – |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | – |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | နောင်ယား(ခ)ရပ်ကွက်၊ န(၃၅၀)၊ လွိုင်ကော်မြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၇၈၂၉၇၅၂၅၀ |
အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးဘန်ဒီ |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ဟိန္ဒူ/ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်) ၀၄၄၈၅၃ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၀-၁၂-၁၉၆၆(၅၃)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | သံတွဲမြို့ |
၇။ | ပညာအရည်အချင်း | ၊ | B.Sc(Zool) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ကုန်သည် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးမိုးဟင်းဒါး) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်ခင်ခင်ဝင်း ) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိပါ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိပါ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ရှမ်း/၁၀၂၊ နဝရတ်လမ်း၊ ရှမ်းစုရပ်ကွက် လွိုင်ကော်မြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၅၆၀၀၅၀၅၊ ၀၈၃-၂၁၃၂၉ |