13
May

အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီနှင့် ကယားပြည်နယ်လွှတ်တော် ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေး

လွိုင်ကော်                    ဒီဇင်ဘာ ၁၆

အမျိုးသားလွှတ်‌တော်၊ တိုင်းရင်းသားရေးရာကော်မတီနှင့် ကယားပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီတို့သည် ယနေ့နံနက်(၁ဝ) နာရီအချိန်က ကယားပြည်နယ်လွှတ်တော်၊ ရေးရာကော်မတီခန်းမဆောင်သစ်တွင် တွေ့ဆုံကြ သည်။

ရှေးဦးစွာ ကယားပြည်နယ်လွှတ်‌တော်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် က အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် လိုအပ်ချက် အခက်အခဲ များကို တစ်ဖက်တစ်လမ်းမှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။