
ဥပဒေပြုရေးကော်မတီ

အကြောင်းအရာ။ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၁။ ၂၀၁၆ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး(သတ္တမနေ့) အစည်းအဝေးအတည်ပြုချက်အရ ဥပဒေပြု ရေး ဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ဥပဒေပြုရေးဆိုင်ရာကော်မတီကို (၂၁-၇-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး(ဒုတိယနေ့)အတည်ပြုချက်အရ အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
၂။ ဥပဒေပြုရေးဆိုင်ရာကော်မတီကို (၄-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့) အတည်ပြုချက်အရအဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ကယားပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေဆိုင်ရာ ၆၂(ခ)အရ ကော်မတီနှင့်အဖွဲ့များ၏ သက်တမ်းအား (၁)နှစ်သတ်မှတ်ခဲ့ရာ(၄-၁၀-၂၀၁၉)ရက်နေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သက်တမ်းမှာ(၁)နှစ် ပြည့်မည်ဖြစ်ပါသည်။
၃။ ကော်မတီသက်တမ်း(၁)နှစ်ပြည့်မည်ဖြစ်၍ (၂-၁၀-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) အတည်ပြုချက်ဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီကို သက်တမ်း(၁)နှစ်တိုးမြှင့် သတ်မှတ် လိုက်ပြီး အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် –
ဦးရန်နိုင်ဆွေ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | ဥက္ကဋ္ဌ |
ဦးစိုးရယ် | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | အဖွဲ့ဝင် |
ဗိုလ်မှူးအောင်ခိုင်စိုး | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် |
ဦးဝင်းမြင့် | အထက်တန်းရှေ့နေ | အဖွဲ့ဝင် |
ဦးမျိုးသွင် | ပြည်နယ်ဘိုးဘွားရိပ်သာ၊ အုပ်ချုပ်ရေးမှူး | အဖွဲ့ဝင် |
ဦးစိုင်းလင်းလင်းဦး | သတင်းထောက် | အဖွဲ့ဝင် |
ဦးသန်းထိုက်အောင် | အထက်တန်းရှေ့နေ | အတွင်းရေးမှူး |
၂။ သို့ဖြစ်ပါ၍ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်ကို သက်တမ်း(၁)နှစ် တိုးမြှင့်သတ်မှတ် ခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းကို သိရှိနိုင်ရန်နှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ အား ပြင်ဆင်မှုမရှိ မူလအတိုင်း သတ်မှတ်ပါကြောင်း အကြောင်းကြားပါသည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
ကော်မတီ၏သက်တမ်း
၁။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်သည်။ ကော်မတီဝင်များ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်သည့်အခါ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်ရမည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့ရပါက ၎င်းနေရာသို့ အစားထိုး ရောက်ရှိလာသည့်ဝန်ထမ်းအား အစားထိုးတာဝန်ပေးအပ်နိုင်သည်။ ကော်မတီဝင်တစ်ဦးဦးသည် အကြောင်းတစ်ခုခုကြောင့်နှုတ်ထွက်ခြင်းကြောင့် ကော်မတီဝင်ထပ်မံဖြည့်တင်းခြင်းများကို ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်အတည်ပြုချက်ရယူ ဆောင်ရွက်ရမည်။
ကော်မတီ၏တာဝန်များ
၂။ ကော်မတီသည် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို အခြေခံ၍ စိစစ်ရမည် –
(က) ပြည်နယ်လွှတ်တော်မှ ဥပဒေရေးရာနှင့်ပတ်သက်၍ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်၊
(ခ) နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှုရှိ/မရှိ၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဌာန်းချက်များနှင့်ညီညွတ်မှုရှိ/မရှိ၊
(ဃ) နိုင်ငံတော်နှင့်အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ်စောင့် ရှောက်ရေးကို ဦးတည်ခြင်း ရှိ/မရှိ၊
(င) နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့်လုံခြုံရေးကို အန္တရာယ်ပြုထိပါးစေမည့် အချက်များ ပါဝင်ခြင်း ရှိ/မရှိ၊
(စ) နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိ/မရှိ၊
(ဆ) အများပြည်သူ၏ လုံခြုံရေးနှင့်ပစ္စည်လုံခြုံရေးကို ထိခိုက်ခြင်း ရှိ/မရှိ၊
(ဇ) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား၊ အသုံး အနှုန်းများ ပါဝင်ခြင်း ရှိ/မရှိ၊
(စျ) ဝန်ကြီးဌာန တစ်ခုနှင့်တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ/မရှိ၊
(ည) အပြည်ပြည်ဆိုင်ရာ ၊ ဒေသဆိုင်ရာ (သို့မဟုတ်) ဒေသအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များပါ တာဝန်အရ ရေးဆွဲသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ သဘောတူစာချုပ်များပါမြန်မာနိုင်ငံက သဘောတူလက်ခံထားသော အချက်များနှင့်
လိုက်လျောညီထွေခြင်း ရှိ/မရှိနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်း ရှိ/မရှိ၊
(ဋ) သက်ဆိုင်ရာဥပဒေနှင့်စပ်ဆိုင်သော မူပိုင်းဆိုင်ရာအချက်အလက်များ ပြည့်စုံစွာပါရှိခြင်း ရှိ/မရှိ၊
(ဌ) ဥပဒေပါပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အခြေအနေ ရှိ/ မရှိ၊
(ဍ) ဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြဋ္ဌာန်းချက်များ ပြည့်စုံ စွာပါရှိခြင်း ရှိ/မရှိ။
ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၃။ ကော်မတီသည် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ –
(က) နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပြည်နယ် လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ခ) ပြည်သူများနှင့်သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ဥပဒေရေးရာ အကြံပြုချက်များ၊
ဝေဖန်သုံးသပ်ချက်များကို စိစစ်၍ ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ဂ) ပြင်ဆင်ရန် အကြံပြုချက်များကို ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
(ဃ) ခေတ်နှင့်မလျော်ညီသော အရေးအသား၊အသုံးအနှုန်းများကို ဥပဒေရှုထောင့်မှပြင်ဆင် ဆောင်ရွက်နိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၄။ ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) အဖွဲ့ဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ အဖွဲ့ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ အဖွဲ့ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကို ခံစားခွင့်ရှိမည်၊
ကော်မတီဝင်/အဖွဲ့ဝင်များသည် ကော်မတီ/အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက် ရန်ဖြစ်စေ၊ ကော်မတီ/အဖွဲ့ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ/အဖွဲ့ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း စရိတ်ခံစားခွင့်၊ ခရီးစရိတ်ခံစားခွင့်များ ရရှိစေရမည်၊
၃
(ခ) အဖွဲ့အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေ
အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ ) အဖွဲ့အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏
အကြီးအမှူးမှတဆင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဃ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် အဖွဲ့အစည်းအဝေးများကို တက်ရောက်ခွင့် ရှိသည်။
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးသန်းထိုက်အောင် |
၂။ | အခြားအမည် | ၊ | ငဲငဲ |
၃။ | လူမျိုး/ဘာသာ | ၊ | ဂေခို/ကယား၊ ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်) ၀၆၉၄၀၀ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၀-၃-၁၉၈၉(၃၂)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | ဥပဒေဘွဲ့ (LL.B) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးရွှေအောင်(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဗျားမြာ၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မ/၂၈၄(က)၊ ခွာညိုလမ်း၊ မင်္ဂလာရပ်ကွက် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၂၅၄၇၆၂၂၀၇ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးစိုင်းလင်းလင်းဦး |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား/ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၁၃/နစန(နိုင်) ၀၆၅၄၃၃ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၇-၇-၁၉၉၁ (၂၈)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ချိကွဲကျေးရွာ၊ ဘောလခဲမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | B.A(History) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ကုန်သည် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးစိုင်းကြီး၊ စိုက်ပျိုးရေး |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်စိုးရင်၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ကယား/၉၁၊ ကယားပိုင်းရပ်ကွက်၊ ဘောလခဲမြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၄၅၄၇၃၄၄၃ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးမျိုးသွင် |
၂။ | အခြားအမည် | ၊ | ကိုတူး |
၃။ | လူမျိုး/ဘာသာ | ၊ | အင်း/ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန (နိုင်) ၀၁၀၉၁၈ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၅-၉-၁၉၆၃(၅၇)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | အထက်တန်းအောင်၊ ဒုတိယနှစ်(ဥပဒေ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်ဘိုးဘွားရိပ်သာ၊ အုပ်ချုပ်ရေးမှူး |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးအုန်းဖေ(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ခင်စု(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ကာမေးလာ၊ ပြည်နယ်ဘိုးဘွားရိပ်သာ၊ ကြီးကြပ်ရေးမှူး |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဆုမွန်ရည်၊ မဂ္ဂါဆေးကုမ္ပဏီ၊ မန်နေဂျာ ကိုဇင်လင်းထက်၊ ဒုရဲအုပ် လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မောင်ကျော်သူရှိန်- ဘိုးဘွားရိပ်သာစေတနာ့ဝန်ထမ်း |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ပြည်နယ်ဘိုးဘွားရိပ်သာ၊ လောဓမ္မရပ် လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၇၈၁၆၀၀၇၂၃၊ ၀၉-၄၅၆၂၆၀၇၇၅ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးဝင်းမြင့် |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ/ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန (နိုင်) ၀၀၆၈၇၉ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၈-၈-၁၉၆၂ (၅၇)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ပျဉ်းမနား |
၇။ | ပညာအရည်အချင်း | ၊ | ဥပဒေဘွဲ့ (L.L.B ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးရဲမြင့်(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မြမေ(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ခင်ညွန့်ရီ၊ အလယ်တန်းပြဆရာမ(ထ-၁) |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | စိုင်းသီဟထက်ဇော်(အရောင်းအဝယ်) စိုင်းဇေယျာထက်(တက္ကသိုလ်ကျောင်းသား) |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မင်း ၄၁၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၁၀၀၈၁၁၁ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးစိုးရယ် |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား/ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဘလခ (နိုင်) ၀၀၀၂၈၄ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၃-၅-၁၉၇၀(၄၆နှစ်) |
၆။ | မွေးဖွားရာဇာတိ | ၊ | ဝမ်မလန်းကျေးရွာ၊ လွယ်ဝိုင်းကျေးရွာအုပ်စု၊ ဘောလခဲမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | ဝိဇ္ဇာဘွဲ့(မြန်မာစာ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးခိုးရယ်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်သလဲ) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်ထရေးဇာဝင်းမို) |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်ဝင်းထိုက်စိုး၊ လူမှုဝန်ထမ်း-၄ ၊ လှုမှုဝန်ထမ်းဦးစီးဌာန |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ရှမ်းပိုင်းရပ်ကွက်၊ ဘောလခဲမြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၇၈၆၃၄၃၅၁၂ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးရန်နိုင်ဆွေ |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ / ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဖဆန (နိုင်) ၀၀၇၇၅၄ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၇-၅-၁၉၇၈(၄၂နှစ်) |
၆။ | မွေးဖွားရာဇာတိ | ၊ | မော်ချီးကျေးရွာအုပ်စု၊ ဖားဆောင်းမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်းအောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးမြင့်ဆွေ) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်စိန်မြ) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်တင်ဝင်းနွယ်၊ စျေးရောင်း |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်လွှမ်းထက်ကျော်၊သတ္တုကျင်း၊ မအိသဲပို ၊ မှီခို မအိကေခိုင်၊ကျောင်းသူ မကျော့ကေခိုင်၊ ကျောင်းသူ မသက်ကေခိုင် ၊ ကျောင်းသူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မော်ချီးတောင်ပေါ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၄၉၀၉၈၂၇၇၊ ၀၉၇၇၆၅၃၀၂၇၇ |
ဥပဒေပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဗိုလ်မှူးအောင်ခိုင်စိုး |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ / ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၅/ဆလက (နိုင်) ၀၅၇၆၆၂ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၄-၅-၁၉၈၂၊(၃၇)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | မင်းတောရွာ၊ ဆားလင်းကြီး မြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | ကွန်ပျူတာသိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးပေါခိုင်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ခင်စန်းဝင်း ၊မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မေခင်ဦး၊ မှီခို၊ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်ဟိန်းမင်းခန့်၊ ကျောင်းသား |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ပင်ဖြစ်ကျေးရွာ၊ ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၈၉၈၇၆၈၄၇၃ ၊ ၀၉၆၉၄၀၃၅၈၁၂ |