

အကြောင်းအရာ။ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း
၁။ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီကို (၄-၁၀-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ် သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)အတည်ပြုချက်အရ အဖွဲ့ဝင်(၈)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ကယားပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂(ခ)အရ ကော်မတီနှင့်အဖွဲ့များ၏ သက်တမ်း နှင့်အဖွဲ့များ၏ သက်တမ်းအား(၁)နှစ်သတ်မှတ်ခဲ့ရာ (၄-၁၀-၂၀၁၉)ရက်နေ့တွင် ဥပဒေလေ့လာ စိစစ်အကြံပြုရေးကော်မတီ၏ သက်တမ်းမှာ(၁)နှစ်ပြည့်မည် ဖြစ်ပါသည်။
၂။ ကော်မတီသက်တမ်း(၁)နှစ်ပြည့်မည်ဖြစ်၍ (၂-၁၀-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) အတည်ပြုချက်ဖြင့် ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီကို သက်တမ်း (၁)နှစ်တိုးမြှင့် သတ်မှတ်လိုက်ပြီး အောက်ဖော်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်-
ဦးခင်မောင်ထွန်း | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | ဥက္ကဋ္ဌ |
ဦးအေးရွှေ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် | အဖွဲ့ဝင် |
ဗိုလ်ကြီးဇော်မင်းထွန်း | တပ်မတော်သားကိုယ်စားလှယ် | အဖွဲ့ဝင် |
ဦးဝင်းမြင့် | အထက်တန်းရှေ့နေ | အဖွဲ့ဝင် |
ဦးသန်းထိုက်အောင် | အထက်တန်းရှေ့နေ | အဖွဲ့ဝင် |
ဦးမျိုးသွင် | အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဘိုးဘွားရိပ်သာ | အဖွဲ့ဝင် |
ဦးဦးရယ် | အငြိမ်းစား(ပြန်/ဆက်ဦးစီးဌာန) | အဖွဲ့ဝင် |
ဦးခွန်နန်းရီ | ရပ်မိရပ်ဖ | အဖွဲ့ဝင် |
ဦးနေဝင်းစိုး | အထက်တန်းရှေ့နေ | အတွင်းရေးမှူး |
အကြောင်းအရာ။ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
၁။ ၂၀၁၆ခုနှစ်၊ ဧပြီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး(သတ္တမနေ့) အစည်းအဝေး အတည်ပြုချက်အရ ဥပဒေ လေ့လာစိစစ်အကြံပြုရေးကော်မတီကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် လိုက်သည် –
၂။ သို့ဖြစ်ပါ၍ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီဝင်များ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်တို့ကို ပူးတွဲပါအတိုင်းပေးပို့ပါသည်။
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
ကော်မတီသက်တမ်း
၁။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်သတ်မှတ်သည်။ ကော်မတီ ဝင်များ၏သက်တမ်း(၁)နှစ်ပြည့်မြောက်သည့်အခါ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်ရမည်။ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့ရပါက ၎င်းနေရာသို့ အစားထိုး ရောက်ရှိလာသည့်ဝန်ထမ်းအား အစားထိုးတာဝန်ပေးအပ်နိုင်သည်။ ကော်မတီဝင် တစ်ဦးဦး သည် အကြောင်းတစ်ခုခုကြောင့်နှုတ်ထွက်ခြင်းကြောင့် ကော်မတီဝင်ထပ်မံဖြည့်တင်းခြင်းများ ကို ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်အတည်ပြု ချက်ရယူ ဆောင်ရွက်ရမည်။
ကော်မတီ၏တာဝန်များ
၂။ ကော်မတီသည်-
(က) နိုင်ငံသားများ၏ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊
(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈ အရ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့ အစည်း၊ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်သွင်းလာသော ဥပဒေမူကြမ်းများကို လေ့လာစိစစ်၍ ဥပဒေအကြံဉာဏ်ပေးရမည်၊
(ဂ) ကော်မတီသည် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိ သည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်၊
(ဃ) တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန် သည့် အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့်ညီညွတ် ဆီလျော်ပါက အမိန့်ညွှန် ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင် စောင့်ကြည့် ထိန်းညှိ ကူညီရမည်၊
(င) ဤကော်မတီသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ၂၄ အရ လွှတ်တော်အဖွဲ့အစည်းများသည် လွှတ်တော်ကိုတာဝန်ခံရမည်။ လွှတ်တော် ကျင်းပချိန် မဟုတ်လျှင် ဥက္ကဋ္ဌကို တာဝန်ခံရမည်၊
(စ) ကော်မတီသည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များအား ဖိတ်ကြား၍ မေးမြန်း ဆွေးနွေးနိုင်သည်၊
(ဆ) ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးဦးပြောဆိုသော သို့မဟုတ် ပြုလုပ် သောကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သောအစီရင်ခံစာ မိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့် အတူပူးတွဲ၍ အမှုတွဲအဖြစ်တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ပေးပို့ရမည်။
(ဇ) ကော်မတီသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူချက် (သို့မဟုတ်)အတည်ပြု ချက်နှင့်အညီ ကော်မတီ၏ လုပ်ငန်းတာဝန်များ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကိုသော်လည်းကောင်း၊ အခြားလုပ်ငန်း လိုအပ်ချက်အရသော်လည်းကောင်း၊ အခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်နှင့်ချိတ် ဆက်လုပ်ကိုင် ဆောင်ရွက်နိုင်သည်။
(စျ) ကော်မတီသည် လုပ်ငန်းများဆောင်ရွက်ရာတွင် တတ်နိုင်သမျှ လူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၃။ ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၄။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍-
(က) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော်လည်း ကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်၊
(ခ) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူ ကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲ ချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
(ဂ) အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်၊
(ဃ) အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင်ကော်မတီဝင်တစ်ဦးကသော်လည်းကောင်းကော်မတီ၏အစီရင်ခံစာကို လွှတ်တော်ကသဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင် လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
(ခ) ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသောအကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၆။ ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်း ကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း စရိတ်ခံစားခွင့်၊ ခရီးစရိတ်ခံစားခွင့်များ ရရှိစေရမည်၊
(ခ) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီး အမှူးမှတဆင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဃ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် အဖွဲ့အစည်းအဝေးများကို တက်ရောက်ခွင့် ရှိသည်။
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးခင်မောင်ထွန်း |
၂။ | အခြားအမည် | ၊ | ဦးနော်အီး |
၃။ | လူမျိုး/ဘာသာ | ၊ | ကယော/ ခရစ်ယာန်ဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဖရဆ(နိုင်)၀၀၁၀၃၆ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၅-၁-၁၉၇၂(၄၄နှစ်) |
၆။ | မွေးဖွားရာဇာတိ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | (၁၀)တန်းအောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | – |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးမာဆူအီ(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မာရိယာ (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဂျိုဝါးနာ၊ လယ်ယာ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဂဉ္စဏား၊ ကျောင်းသူ မအင်နိုးရှင်း၊ ကျောင်းသူ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ဟိုယာကျေးရွာ၊ ဖရူဆိုမြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၇၇၈၈၀၁၃၄၇၊ ၀၉-၄၉၄၀၀၆၆၈ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးအေးရွှေ |
၂။ | အခြားအမည် | ၊ | တူးလုံး |
၃။ | လူမျိုး/ဘာသာ | ၊ | ရှမ်း/ကယား(ဗုဒ္ဓဘာသာ) |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ဘလခ(နိုင်)၀၀၀၅၈၄ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၇-၁၀-၁၉၆၄(၅၆)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ရှမ်းပိုင်းရပ်ကွက်၊ ဘောလခဲမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | အဋ္ဌမတန်း |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးချစ်လွန်း) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်မလေး) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မြအေး၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | ဦးအေးမြင့်ဦး၊ တောင်ယာ ဒေါ်ဇင်ပွင့်ဖြူ၊ သားဖွားဆရာမ မဇင်မာထွေး၊ မှီခို |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မင်းကျောင်းအနီး၊ ရှမ်းပိုင်းရက်ကွက်၊ ဘောလခဲမြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၂၅၂၂၄၃၅၂၈ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဗိုလ်ကြီးဇော်မင်းထွန်း |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ/ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၉/စကန(နိုင်)၀၀၆၈၁၅ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၉-၁၀-၁၉၇၄(၄၅)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | စဉ့်ကူးမြို့ |
၇။ | ပညာအရည်အချင်း | ၊ | B.A (Hist) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးထွန်းသိန်း၊ အရောင်းအဝယ် |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်သန်းလှ(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မြင့်မြင့်စန်း၊ မှီခီု |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မောင်ထက်ဇော်ဦး၊ သာသနာ့ဝန်ထမ်း၊ မခင်ဇူလှိုင်၊ကျောင်းသူ မောင်မင်းဘုန်းပြည့်ပိုင်၊ ကျောင်းသား |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | အိမ်အမှတ်(၄၆)၊ အမှတ်(၂)ရွှေညောင်မြို့၊ ရှမ်းပြည်နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၅၁၈၅၈၀၈၉ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးဝင်းမြင့် |
၂။ | အခြားအမည် | ၊ | – |
၃။ | လူမျိုး/ဘာသာ | ၊ | ဗမာ/ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/လကန(နိုင်) ၀၀၆၈၇၉ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၈-၈-၁၉၆၂ (၅၇)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ပျဉ်းမနား |
၇။ | ပညာအရည်အချင်း | ၊ | ဥပဒေဘွဲ့ (LL.B) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးရဲမြင့် (ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မြမေ (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ခင်ညွန့်ရီ၊ အလယ်တန်းပြဆရာမ(ထ-၁) |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | စိုင်းသီဟထက်ဇော် (အရောင်းအဝယ်) စိုင်းဇေယျာထက် (တက္ကသိုလ်ကျောင်းသား) |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မင်း 41 ၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၁၀၀၈၁၁၁ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးသန်းထိုက်အောင် |
၂။ | အခြားအမည် | ၊ | ငဲငဲ |
၃။ | လူမျိုး/ဘာသာ | ၊ | ဂေခို/ကယား၊ ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်) ၀၆၉၄၀၀ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၀-၃-၁၉၈၉(၃၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | ဥပဒေဘွဲ့ (LL.B) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးရွှေအောင်(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ဗျားမြာ၊ မှီခို |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မ/၂၈၄(က)၊ ခွာညိုလမ်း၊ မင်္ဂလာရပ်ကွက် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၂၅၄၇၆၂၂၀၇ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးမျိုးသွင် |
၂။ | အခြားအမည် | ၊ | ကိုတူး |
၃။ | လူမျိုး/ဘာသာ | ၊ | အင်း/ဗုဒ္ဓ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန (နိုင်) ၀၁၀၉၁၈ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၅-၉-၁၉၆၃(၅၆)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | အထက်တန်းအောင်၊ ဒုတိယနှစ်(ဥပဒေ) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | ပြည်နယ်ဘိုးဘွားရိပ်သာ၊ အုပ်ချုပ်ရေးမှူး |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးအုန်းဖေ(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ခင်စု(ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်ကာမေးလာ၊ ပြည်နယ်ဘိုးဘွားရိပ်သာ၊ ကြီးကြပ်ရေးမှူး |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မဆုမွန်ရည်၊ မဂ္ဂါဆေးကုမ္ပဏီ၊ မန်နေဂျာ ကိုဇင်လင်းထက်၊ ဒုရဲအုပ် လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မောင်ကျော်သူရှိန် |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ပြည်နယ်ဘိုးဘွားရိပ်သာ၊ လောဓမ္မရပ် လွိုင်ကော်မြို့။ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၇၈၁၆၀၀၇၂၃၊ ၀၉-၄၅၆၂၆၀၇၇၅ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးဦးရယ်(ခ) အူးရယ် |
၂။ | အခြားအမည် | ၊ | မရှိပါ |
၃။ | လူမျိုး/ဘာသာ | ၊ | ကယား၊ ခရစ်ယာန် |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဖရဆ(နိုင်) ၀၀၁၉၃၂ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၂-၇-၁၉၅၄(၆၄)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ |
၇။ | ပညာအရည်အချင်း | ၊ | (ဒသမ)တန်း(ခ)အောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အငြိမ်းစား |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | (ဦးကိုရယ်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | (ဒေါ်သိုးမိုး) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်အာဆွန်းတာ၊ မှီခို |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မော်မာဦး၊ သူနာပြု ဒေါ်သဲမာဦး၊ သူနာပြု ဒေါ်ဘျားမာဦး၊ တောင်ယာ ဒေါ်စိုးမြာဦး၊ သားဖွား မောင်ဌေးရယ်ဦး၊ ပညာရေး |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | ည/ ၁၅၊ ညောင်ဇင်ရပ်ကွက်၊ ဖရူဆိုမြို့ |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉-၄၃၀၃၅၇၂၃ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးခွန်းနန်းရီ |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | ကယန်း၊ကက်သလစ်(ခရစ်ယာန်) |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ ဒမဆ(နိုင်)၀၀၉၂၂၆ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၂၁-၆-၁၉၄၈၊ (၇၁)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | ဒေါဝယ်ကူး၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒီးမော့ဆိုမြို့နယ် |
၇။ | ပညာအရည်အချင်း | ၊ | ဆယ်တန်းအောင် |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထွေထွေအတွင်းရေးမှူး၊ ကယန်းစာပေ၊ ကယားပြည်နယ် |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးလိန်စူ(ကွယ်လွန်) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်မှိုင်းမူ (ကွယ်လွန်) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်စာမူတာပလ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | ခွန်းမူးဒီ၊ အိမ်ဆိုင်(စျေးရောင်း) မူခရစ္စတင်း၊ အိမ်ဆိုင်(စျေးရောင်း) ခွန်းဒင်းနစ်၊ အိမ်ဆိုင်(စျေးရောင်း) ခွန်းသီဟ၊ အိမ်ဆိုင်(စျေးရောင်း) ခွန်းဂျိမ်းဆန်းထူး၊ အိမ်ဆိုင်(စျေးရောင်း) |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | စျ-၃၃၊ စျေးကုန်းရပ်ကွက်၊ ဒီးမော့ဆိုမြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉ ၇၆၂၆၂၇၃၉၃ |
ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ကိုယ်ရေးမှတ်တမ်းပုံစံ(အကျဉ်း)
၁။ | အမည် | ၊ | ဦးနေဝင်းစိုး |
၂။ | အခြားအမည် | ၊ | မရှိ |
၃။ | လူမျိုး/ဘာသာ | ၊ | မွန်-ဗမာ/ ဗုဒ္ဓဘာသာ |
၄။ | နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် | ၊ | ၂/ လကန(နိုင်)၀၅၅၉၂၈ |
၅။ | မွေးသက္ကရာဇ်/အသက် | ၊ | ၁၆-၄-၁၉၈၃(၃၇)နှစ် |
၆။ | မွေးဖွားရာဇာတိ | ၊ | လွိုင်ကော်မြို့ |
၇။ | ပညာအရည်အချင်း | ၊ | အထက်တန်းရှေ့နေ(L.L.B) |
၈။ | လက်ရှိအလုပ်အကိုင် | ၊ | အထက်တန်းရှေ့နေ |
၉။ | အဘအမည်၊ အလုပ်အကိုင် | ၊ | ဦးစိုးညွန့်(တပ်အငြိမ်းစား) |
၁၀။ | အမိအမည်၊ အလုပ်အကိုင် | ၊ | ဒေါ်နီနီခိုင်၊ (စျေးရောင်း) |
၁၁။ | ဇနီး/ခင်ပွန်းအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၂။ | သား/သမီးအမည်၊ အလုပ်အကိုင် | ၊ | မရှိ |
၁၃။ | အမြဲတမ်းနေရပ်လိပ်စာ | ၊ | မင်း/၁၆၂၊ မင်းစုရပ်၊ လွိုင်ကော်မြို့နယ် |
၁၄။ | ဖုန်းနံပါတ် | ၊ | ၀၉၄၄၉၀၀၂၆၂၂ |