13
May

၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ် စည်ပင်သာယာရေးဥပ‌ဒေ (ပထမ အဆင့်မူကြမ်း)နှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်

“၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ် စည်ပင်သာယာရေးဥပ‌ဒေ (ပထမအဆင့်မူကြမ်း)”နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ Stakeholders များနှင့် အလုပ်ရုံဆွေးနွေးပွဲကို Law Home/Law Firm ၏ ပံ့ပိုးကူညီမှုဖြင့် ကယားပြည်နယ်လွှတ်တော်ခန်းမ၌ ၅-၂-၂၀၂၀ ရက်နေ့မှ ၇-၂-၂၀၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)သို့ ကယားပြည်နယ်လွှတ်တော်၊ ဥပဒေလေ့လာစိစစ် အကြံပြုရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်(၇)မြို့နယ်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ဥပဒေအိမ်/ဥပဒေပညာ ရပ်ဆိုင်ရာ အသင်း (Law Home/Law Firm)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အလုပ် ရုံဆွေးနွေးပွဲ(ဒုတိယနေ့) ကို ၆-၂-၂၀၂၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

ကယားပြည်နယ်လွှတ်တော်