ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ

အမည် ဦးတင်မြင့်
အဘအမည် ဦးဘခင်
လူမျိုး/ဘာသာ မွန်/ဗုဒ္ဓဘာသာ
မွေးသက္ကရာဇ် ၁၃.၇.၁၉၅၄
မွေးဖွားရာဇာတိ ရွှေတောင်ရပ်၊လွိုင်ကော်မြို့
ပညာအရည်အချင်း B.A (ဒဿနိကဗေဒ)
မဲဆန္ဒနယ် လွိုင်ကော်မြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)
ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
စတင်တာဝန်ထမ်းဆောင်သည့်နေ့ ၈.၂.၂၀၁၆

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • မူလတန်းပညာကို မင်္ဂလာ(အမက)တွင် လည်းကောင်း၊ အလယ်တန်းပညာကို အထက(၁)၊ လွိုင်ကော်မြို့နှင့် အထက်တန်းပညာကို အထက(၂)၊ လွိုင်ကော်မြို့တွင် လည်းကောင်း၊ ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ B.A (ဒဿနိကဗေဒ)ဘွဲ့ရရှိခဲ့ပါသည်။
  • ရွှေတောင်ရပ်ကွက်တွင် လူငယ်ဥက္ကဋ္ဌတာဝန်(၈)နှစ်ခန့် ထမ်းဆောင်ပြီး ဒုတိယအကြိမ် ရပ်/ကျေး ကောင်စီအဖွဲ့ဝင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ကျရာတာဝန်ထမ်းဆောင်ခဲ့ပြီး မြို့မပြည်သူ့စစ်အဖွဲ့ဝင် အကြိုအခြေခံ မီးသတ်သင်တန်း၊ ရပ်ကွက် ရှေးဦးသူနာပြု သင်တန်းများ တက်ရောက်ခဲ့ပါသည်။
  • တက္ကသိုလ်ကျောင်းသားဘဝတွင် ကယားပြည်နယ်၊ ကျောင်းသားဥက္ကဋ္ဌ(၃)နှစ်လုပ်ခဲ့ပြီး ကယားပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ပေါ်ပေါက်ရေးအတွက် ပါတီဗဟိုနှင့် ချိတ်ဆက်ခဲ့ပြီး လွိုင်ကော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပါသည်။

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

  • ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ

ပြည်နယ်လွှတ်တော် ဥက္ကဌ

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ရုံး ဖွဲ့စည်းပုံ

နောက်ခံသမိုင်း

Kayah State Hluttaw