ပြည်နယ်လွှတ်တော် ဥက္ကဌ

အမည် ဦးလှထွေး
အဘအမည် ဦးသက်ထွန်း
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
မွေးသက္ကရာဇ် ၂၅-၃-၁၉၆၄
မွေးဖွားရာဇာတိ မိုင်းဆတ်မြို့၊ရှမ်းပြည်နယ်
ပညာအရည်အချင်း ဝိဇ္ဇာဘွဲ့(သမိုင်း)
မဲဆန္ဒနယ် ရှားတောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်
ကိုယ်စားပြုပါတီ/တစ်သီးပုဂ္ဂလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ
စတင်တာဝန်ထမ်းဆောင်သည့်နေ့ ၈.၂.၂၀၁၆

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

အခြေခံပညာကို အမှတ်(၇)မူလတန်းကျောင်း၊လွိုင်ကော်မြို့၊ အလက(၁)၊ လွိုင်ကော်မြို့နှင့် အထက(၁)၊ လွိုင်ကော်မြို့ တို့တွင် သင်ယူခဲ့ပါသည်။

တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်ကို လှိုင်တက္ကသိုလ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ရန်ကုန်တက္ကသိုလ် တို့တွင် စာပေးစာယူကျောင်းသားဘဝဖြင့် သင်ယူခဲ့ရာ(၁၉၈၇)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့ပါသည်။

၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သမဝါယမဦးစီးဌာန၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ရှားတောမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကင်းစင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ရှားတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆိုင်းဘုတ်များ ပြန်လည်တင်ခဲ့ပြီး သတင်းနှင့်ပြန်ကြားရေး တာဝန်ယူ၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

ပြည်နယ်လွှတ်တော်

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်(MPU)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဗဟိုကော်မတီဝင်

ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ရုံး ဖွဲ့စည်းပုံ

နောက်ခံသမိုင်း

Kayah State Hluttaw